အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်က စပါးတိုက်စစ်မှူး ဟာရီကိန်းကို အင်္ဂလန်အသင်း၏ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ(ဥရောပဇုန်) ပွဲစဉ်များတွင် ပွဲချိန်ပြည့်အသုံးပြုမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။
ဆောက်ဂိတ်သည် မတ်လ (၂၅)ရက်က ကစားခဲ့သည့် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ(ဥရောပဇုန်)ပွဲစဉ် အင်္ဂလန် (၅-၀) ဆန်မာရီနိုပွဲတွင် ဟာရီကိန်းကို အသုံးပြုခဲ့ခြင်းမရှိဘဲ တိုက်စစ်တွင် ကယ်လ်ဗတ်လူဝင်၊ စတာလင်နှင့် လင်ဂတ်တို့ကိုသာ အသုံးပြုခဲ့သည်။
ဟာရီကိန်းမှာ အင်္ဂလန်အသင်းအတွက် ပွဲတိုင်းပွဲချိန်ပြည့်ကစားပေးရန် ဆန္ဒပြင်းပြနေသော်လည်း မိမိအနေဖြင့် ဟာရီကိန်းကို အသင်း၏ပွဲစဉ်များတွင် ပွဲချိန်ပြည့်အသုံးပြုမည်မဟုတ်ဟု ဆောင်ဂိတ်က ဆိုခဲ့ခြင်းဖြစ်သည်။
ဆောက်ဂိတ်က "ဟာရီကိန်းအနေနဲ့ ပွဲစဉ်တိုင်းကို ပွဲချိန်ပြည့်ပါဝင်ကစားဖို့ ဆန္ဒရှိနေပါတယ်။ ဒါပေမဲ့ သူ့ဆန္ဒအတိုင်း ဖြစ်လာမှာ မဟုတ်ပါဘူး။ အသင်းခေါင်းဆောင် ဟာရီကိန်းအနေနဲ့ ပွဲတိုင်းကို ပွဲချိန်ပြည့်ကစားချင်တာ ကျွန်တော်တို့အတွက် အရမ်းကောင်းပေမဲ့ ပွဲဆက်တွေများတာကြောင့် သူ့ကို ပွဲတိုင်း အချိန်ပြည့်သုံးမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့အနေနဲ့ ကစားသမားတွေ မပင်ပန်းအောင် စီမံရမှာပါ"ဟု ပြောကြားခဲ့သည်။
အင်္ဂလန်အသင်းသည် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ(ဥရောပဇုန်)တွင် အုပ်စု (I)၌ ကျရောက်နေကာ အဖွင့်ပွဲတွင် ဆန်မာရီနိုအသင်းကို (၅-၀)ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး မတ်လ (၂၈)ရက်တွင် အယ်လ်ဘေးနီးယားနှင့် အဝေးကွင်းပွဲစဉ်၊ မတ်လ (၃၁)ရက်တွင် ပိုလန်အသင်းနှင့် အိမ်ကွင်းပွဲစဉ်များကို ဆက်တိုက်ကစားရမည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
