မန်ယူအသင်းသည် နည်းပြ ဆိုးလ်ရှားကို တစ်နှစ်လစာ ပေါင်(၁၀)သန်းအထိ တိုးမြှင့်ပေးပြီး စာချုပ်သစ် ချုပ်ဆိုရန် စီစဉ်နေကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။
မန်ယူအသင်းသည် ယခုရာသီတွင် ဖလားလက်မဲ့အခြေအနေနှင့် ရင်ဆိုင်ရဖွယ်ရှိနေပြီး ယင်းကဲ့သို့ ဖြစ်လာခဲ့ပါက ဆိုးလ်ရှားအနေဖြင့် နည်းပြရာထူးမှ ထုတ်ပယ်ခံရဖွယ်ရှိကြောင်း သုံးသပ်မှုများ ရှိခဲ့သော်လည်း မန်ယူအသင်းတာဝန် ရှိသူများကမူ ဆိုးလ်ရှားကို ဆက်လက်တာဝန်ပေးရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။
အထူးသဖြင့် မန်ယူအသင်း၏ ဒုဥက္ကဋ္ဌ အက်ဒ်ဝုဒ်ဝက်ဒ်သည် ဆိုးလ်ရှား၏ စွမ်းဆောင်ရည်ကို သဘောကျနေပြီး အသင်း၏အနာဂတ်အတွက် သင့်လျော်သည့်နည်းပြဟု ယူဆနေခြင်းကြောင့် စာချုပ်သစ်ချုပ်ဆိုရန် စီစဉ်နေခြင်းဖြစ်ကြောင်းလည်း သိရသည်။
ဆိုးလ်ရှားသည် မန်ယူအသင်းနှင့် ၂၀၂၂ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသူဖြစ်ပြီး လက်ရှိအချိန်၌ တစ်နှစ်လျှင် ပေါင်(၇.၅)သန်း ရရှိနေသည်။
ယခုအခါ မန်ယူအသင်းတာဝန်ရှိသူများက ဆိုးလ်ရှားကို တစ်နှစ်ပေါင်(၁၀)သန်းဖြင့် (၃)နှစ်သက်တမ်းရှိသည့် စာချုပ်သစ်ချုပ်ဆိုရန် စီစဉ်နေခြင်းဖြစ်သည်။
Mirror သတင်းစာကမူ မန်ယူအသင်းနှင့် ဆိုးလ်ရှားတို့၏ ဆွေးနွေးမှုမှာ သဘောတူညီမှုရရှိသည့်အဆင့်သို့ပင် ရောက်ရှိခဲ့ပြီဖြစ်ပြီး ကနဦးစာချုပ်သက်တမ်းမှာ (၂)နှစ်ဖြစ်ကြောင်းနှင့် စွမ်းဆောင်ရည်အပေါ် မူတည်၍ (၁)နှစ်ထပ်မံ သက်တမ်းတိုးရန် သဘောတူညီမှုရခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။
မန်ယူအသင်းသည် လာမည့်ရာသီတွင် ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်ရန်အတွက် အားဖြည့်ပြင်ဆင်မှုများ ပြုလုပ်သွားရန် ရည်ရွယ်ထားသလို၊ လက်ရှိရာသီကတည်းက အသင်း၏ ဖွဲ့စည်းမှုအပိုင်းကို ပြင်ဆင်မှုများ ပြုလုပ်နေပြီဖြစ်ကြောင်းလည်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
