ပရီးမီးယားလိဂ်အဖွဲ့ချုပ်က လာမည့် ၂၀၂၁-၂၂ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကို သြဂုတ်လ(၁၄)ရက်တွင် စတင်ပြီး မေလ(၂၂)ရက်တွင် အဆုံးသတ်မည်ဟု ကြာသပတေးနေ့က အတည်ပြုကြေညာခဲ့သည်။
လက်ရှိရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေး ကြောင့် စက်တင်ဘာလမှ စတင်နိုင်ခဲ့သော်လည်း လာမည့်ရာသီတွင်မူ ပုံမှန်အတိုင်း သြဂုတ်လအတွင်း ပြန်လည်စတင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ပရီးမီးယားလိဂ်အဖွဲ့ချုပ်သည် ၂၀၂၁-၂၂ ရာသီကို သြဂုတ်(၇)ရက်တွင် စတင်ရန် ဆွေးနွေးညှိနှိုင်းမှု ပြုလုပ်ခဲ့သော်လည်း ယူရို-၂၀၂၀ ပြိုင်ပွဲ ရှိနေသည့်အတွက် ကလပ်အသင်းအများစုက ကန့်ကွက်ခဲ့ကြောင်း သိရသည်။
ယူရို-၂၀၂၀ ပြိုင်ပွဲမှာ ဇူလိုင် (၁၁)မှ ပြီးဆုံးမည်ဖြစ်သောကြောင့် ပြင်ဆင်ချိန်ရရှိရန်အတွက် သြဂုတ်လ(၁၄)ရက်တွင်မှ စတင်ရန်သာ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
ထို့ကြောင့် ပရီးမီးယားလိဂ်အသင်းများ အနေဖြင့် ယူရိုပြိုင်ပွဲအပြီးတွင် ပြင်ဆင်ချိန် တစ်လဝန်းကျင် ရရှိမည်ဖြစ်သည်။
လိဂ်ချန်ပီယံရှစ်ပြိုင်ပွဲကိုမူ ပရီးမီးယားလိဂ်ထက် တစ်ပတ်စော၍ သြဂုတ်လ(၇)ရက်တွင် စတင်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
