အာရှဘောလုံးအဖွဲ့ချုပ် (AFC) သည် ၂၀၂၂ အာရှဖလား ယူ-၂၃ ခြေစစ်ပွဲကျင်းပမည့်ပုံစံကို ပြန်လည်အတည်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။
AFC သည် ၂၀၂၂ အာရှဖလား ယူ-၂၃ ခြေ စစ်ပွဲကို ယခုနှစ် အောက်တိုဘာ(၂၃)ရက်မှ (၃၁) ရက်အထိကျင်းပရန် စီစဉ်ထားပြီး ကိုရိုနာဗိုင်းရပ်စ် အခြေအနေကြောင့် ကျင်းပမည့်ပုံစံများ အပြောင်းအလဲပြုလုပ်ရန် စီစဉ်နေခြင်းဖြစ်သည်။ ယခင်က အုပ်စုတစ်ခုကို အိမ်ရှင်နိုင်ငံတစ်နိုင်ငံရွေးချယ်၍ ပြုလုပ်ခဲ့သော်လည်း လာမည့်ခြေစစ်ပွဲကိုမူ ကပ်ရောဂါအပေါ်မူတည်၍ ကျင်းပမည့်ပုံစံပြောင်းလဲရန် စီစဉ်နေခြင်းဖြစ်သည်။
AFC သည် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ပြီးခဲ့သည့်နှစ်ကတည်းက လက်ရွေးစင်နှင့် လူငယ်လက်ရွေးစင်အဆင့် ပြိုင်ပွဲများ ကျင်းပနိုင်ခြင်းမရှိခဲ့ဘဲ ယခုနှစ်တွင်လည်း ပွဲအချို့မှလွဲ၍ ပြိုင်ပွဲနှင့် ခြေစစ်ပွဲအများစုကို ဇွန်လမှသာ အစောဆုံးကျင်းပနိုင်မည်ဖြစ်သည်။ ပြီးခဲ့သည့်နှစ်ကတည်းက ကျင်းပရမည့် ၂၀၂၂ ကမ္ဘာ့ ဖလားနှင့် ၂၀၂၃ အာရှဖလားခြေစစ်ပွဲ ဒုတိယအဆင့် အုပ်စုလက်ကျန်ပွဲအများစုကိုလည်း ယခုလတွင် ကျင်းပရန်မဖြစ်နိုင်သဖြင့် ဇွန်လသို့ ရွှေ့ဆိုင်းထားရသည်။
ထို့ကြောင့် AFC သည် ၂၀၂၂ အာရှဖလား ယူ-၂၃ ခြေစစ်ပွဲကျင်းပမည့်ပုံစံကိုလည်း အပြောင်းအလဲပြုလုပ်ရန် စီစဉ်နေခြင်းဖြစ်သည်။ AFC သည် ၂၀၂၂ အာရှဖလား ယူ-၂၃ ဘောလုံးပြိုင်ပွဲ အိမ်ရှင်နိုင်ငံအဖြစ် ဥဇဘက်ကစ္စတန်နိုင်ငံကို ရွေးချယ်ခဲ့ပြီး ၂၀၂၂ ခုနှစ် စက်တင်ဘာ (၆)ရက်မှ (၂၅)ရက် အထိ ပြုလုပ်မည်ဖြစ်သည်။
မြန်မာအသင်းသည် အာရှဖလား ယူ-၂၃ ခြေ စစ်ပွဲ (ယခင် အာရှ ယူ-၂၃ ချန်ပီယံရှစ်ပြိုင်ပွဲအမည်ဖြင့် ကျင်းပ) တွင် နှစ်စဉ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၂၀၁၄ ပြိုင်ပွဲတစ်ကြိမ်သာ ခြေစစ်ပွဲအောင်မြင်ခဲ့ကာ ၂၀၁၆၊ ၂၀၁၈ နှင့် ၂၀၂၀ ပြိုင်ပွဲများတွင် ခြေစစ် ပွဲအောင်မြင်ခြင်း မရှိခဲ့ပေ။ မြန်မာအသင်းသည် ယခုနှစ်အတွင်း အဓိကနိုင်ငံတကာပြိုင်ပွဲ (၂)ခု ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ၂၀၂၁ ဗီယက်နမ်ဆီးဂိမ်းစ် ပြိုင်ပွဲမတိုင်မီ အာရှဖလား ယူ-၂၃ ခြေစစ်ပွဲ ယှဉ်ပြိုင် ရမည်ဖြစ်သည်။
မြန်မာအသင်းသည် ယင်းပြိုင်ပွဲများ အတွက် ဖေဖော်ဝါရီလကတည်းက စခန်းဝင်လေ့ကျင့်ရန် စီစဉ်ထားသော်လည်း လက်ရှိနိုင်ငံရေး အခြေအနေများကြောင့် လေ့ကျင့်နိုင်ခြင်းမရှိသေးဘဲ ရွှေ့ဆိုင်းထားရသည်။ မြန်မာ ယူ-၂၂ အသင်း သည် ပြီးခဲ့သည့် ၂၀၁၉ ဖိလစ်ပိုင်ဆီးဂိမ်းစ်ပြိုင်ပွဲ ပြီးကတည်းက လေ့ကျင့်မှုရပ်နားထားရသော ကြောင့် အချိန်ယူလေ့ကျင့်ပြင်ဆင်ရန်စီစဉ်ထားသော်လည်း လက်ရှိအခြေအနေများကြောင့် စတင်လေ့ကျင့်မည့်ရက်ပင် သတ်မှတ်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
