အိုင်ယာလန်နာမည်ကြီး MMA ကစားသမား ကော်နာမက်ဂရီဂေါ်အား မုဒိမ်းမှုဖြင့် တရားစွဲဆိုထားသည့် တရားလိုအမျိုးသမီးသည် တရားရုံးသို့ လာရောက်ထွက်ဆိုခဲ့ကြောင်းသိရသည်။
နီကီတာဟန်းဟု အမည်ရသည့် အမျိုးသမီးတစ်ဦးက မက်ဂရီဂေါ်နှင့် အခြားအမျိုးသားတစ်ဦးကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအတွင်း လိင်အကြမ်းဖက်မှု ကျူးလွန်မှုဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။
နီကီတာဟန်းသည် အိုင်ယာလန်နိုင်ငံ၊ ဒဗ္ဗလင်မြို့ရှိ Beacon ဟိုတယ်တွင် သူ၏သူငယ်ချင်းတစ်ဦး၊ မက်ဂရီဂေါ်၊ စွဲချက်တင်ခံထား ရသည့် အခြားအမျိုးသားဖြစ်သူ ဂျိမ်းစ်လောရန့်၊ မက်ဂရီဂေါ်၏လုံခြုံရေးတစ် ဦးနှင့်အတူ ရှိခဲ့ကြကြောင်း သိရသည်။
ယင်းနောက်တွင် မက်ဂရီဂေါ်က သူ့အား အိပ်ယာပေါ်သို့ တွန်းလှဲပြီး မုဒိမ်းမှုကျူးလွန်ခဲ့ကြောင်း တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ နီကီတာဟန်းအနေဖြင့် ယင်းကာလတွင် ဒဗ္ဗလင်မြို့ရှိ Drimnagh ခရိုင်တွင် အတူနေချစ်သူ၊ ခုနစ်နှစ်အရွယ်ရှိ သမီးတစ်ဦးနှင့် နေထိုင်သူလည်းဖြစ်သည်။
နီကီတာဟန်းက မက်ဂရီဂေါ်မှ အပေါ်မှနေပြီး ဖမ်းချုပ်ထားပြီး အသက်ရှူရန်ပင် ခက်ခဲခဲ့ကာ သူ၏သမီးဖြစ်သူနှင့်အတူ ထပ်တွေ့ခွင့်မရနိုင်တော့ဟုပင် ထင်မှတ်မိခဲ့ကြောင်း ထွက်ဆိုခဲ့သည်။ မက်ဂရီဂေါ်ဘက်မှ ရှေ့နေများကမူ ယခုတရားစွဲဆိုမှုသည် ငွေညှစ်ရန်ကြိုးစားမှုသာဖြစ်ကြောင်း လျှောက်လဲခဲ့သည်။
တရားခွင်ကြားနားမှုကို လာမည့်နှစ်ပတ်အကြာတွင် ထပ်မံပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
