ချယ်လ်ဆီးကွင်းလယ်ကစားသမား အန်ဇိုဖာနန်ဒက်ဇ် ကိုခေါ်ယူရန် ဘာစီလိုနာနှင့် အင်တာမီလန်အသင်းတို့ အပြိုင်စိတ်ဝင်စားနေ
24htopnews | November 10, 2024 1:12 PM CST
ချယ်လ်ဆီးကွင်းလယ်ကစားသမား အန်ဇိုဖာနန်ဒက်ဇ်အား ခေါ်ယူရန် ဥရောပထိပ်တန်းအသင်းကြီးများဖြစ်သည့် ဘာစီလိုနာနှင့် အင်တာမီလန်အသင်းတို့က အပြိုင်စိတ်ဝင်စားနေကြောင်း သိရသည်။
အန်ဇိုဖာနန်ဒက်ဇ်(၂၃ နှစ်)သည် လီဗာပူးလ်၊ မန်ယူတို့နှင့်ကစားသည့်ပွဲစဉ်များတွင် ပွဲထွက်ခွင့်မရဘဲ လူစားဝင်အဖြစ်သာ ပါဝင်ကစားခွင့်ရခဲ့သည်။
အန်ဇိုဖာနန်ဒက်ဇ်သည် ပွဲထွက်ခွင့်အတွက် တိုက်ပွဲဝင်လိုနေသော်လည်း အရန်ခုံတွင် ထိုင်လိုခြင်းမရှိကြောင်း သိရှိရသည်။ ထို့ကြောင့် ဘာစီလိုနာနှင့် အင်တာမီလန်တို့က အန်ဇိုဖာနန်ဒက်ဇ်၏အခြေအနေကိုစောင့် ကြည့်နေကြပြီး ခေါ်ယူရန်စိတ်ဝင်စားနေကြောင်း သိရသည်။
အန်ဇိုဖာနန်ဒက်ဇ်သည် ချယ်လ်ဆီးအသင်းနှင့် ၂၀၃၁ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေသူဖြစ်သည်။ ၎င်းသည် ယခုရာသီတွင် ချယ်လ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံ ၁၃ ပွဲ ပါဝင်ကစားထားကြောင်းသိရသည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
