မှော်ရုံတောမှာ မောလှပြီ
24htopnews | November 10, 2024 1:12 PM CST
Opta က နော်တင်ဟမ်ဖောရက်စ်ရဲ့ လက်ရှိရာသီအစ ပရီးမီးယားလိဂ် (၁၀)ပွဲဟာ စတုတ္ထ မြောက်အလွယ်ကူဆုံးဆိုပြီး ဖော်ပြခဲ့တယ်။ ဒါဆိုရင် ပွဲစဉ်ဇယားဖေးမမှုဆိုပြီး တံဆိပ်ကပ်နိုင်မလား။ ဒီလိုလည်း မဟုတ်သေးပါဘူး။ လက်ရှိရာသီအစ ပရီးမီးယားလိဂ် (၁၀)ပွဲမှာ နော်တင်ဟမ်ဖောရက်စ် ရင်ဆိုင်ခဲ့ရတဲ့အသင်းတွေထဲ လီဗာပူးလ်နဲ့ ချယ်လ်ဆီးလို Big Six အသင်းနှစ်သင်းပါခဲ့တယ်။ အဲဒီ နှစ်သင်းစလုံးကို နော်တင်ဟမ်ဖောရက်စ် အရေးမနိမ်ခဲ့ဘူး။ အဲဒီအရည်အသွေးဟာ မတော်တဆ ဖြစ်လာတာမဟုတ်ပါဘူး။ နော်တင်ဟမ်ဖောရက်စ် က Over-preforming ဖြစ်နေပြီး မျှော်လင့်ထားတဲ့ရမှတ်ထက် ပိုများနေကာ တစ်ပွဲပျမ်းမျှ (၂ .၂၃) ရမှတ်အထိ ပိုင်ဆိုင်ထားပါပြီ။ ရာသီအစပရီးမီးယားလိဂ်ပွဲစဉ် (၁၀)က နော်တင်ဟမ်ဖောရက်စ်အတွက် သာယာခဲ့ပေမယ့် လာမယ့် ပရီးမီးယားလိဂ် (၁၀)ပွဲက နော်တင်ဟမ်ဖောရက်စ်ရဲ့ ခံနိုင်ရည်အားကို စမ်းသပ်ပါလိမ့်မယ်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
