Online ပေါ်တွင် နိုင်ငံရေးအကြောင်းအရာများ ဝေဖန် ပြောဆိုမှုများ ပြုလုပ်သည့် ဦးငါးမင်းဆွေ ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့် ဖမ်းဆီးခံရကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရဲစခန်း၌ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) ဖြင့် ဦးငါးမင်းဆွေ အား အမှုထားခြင်းဖြစ်ပြီး ယနေ့(နိုဝင်ဘာ ၉ ရက်)တွင် မွန်ပြည်နယ်၊ ကျိုက်ထိုရဲစခန်းမှ ၎င်းအား ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးခံရသည့် ကိစ္စနှင့်ပတ်သက်၍ ဦးငါးမင်းဆွေက " ကျွန်တော် နှုတ်ဆက်စကားလေးပေါ့ဗျာ။ ကျွန်တော်ကို အခု ကျိုက်ထိုရဲစခန်းက စခန်းမှူးက လာခေါ်တယ်ဗျ။ လာခေါ်ရတဲ့အကြောင်းက ရန်ကုန် လှိုင်မြို့နယ်မှာ ကျွန်တော်ကို ၅၀၅(က)နဲ့ အမှုဖွင့်ထားပါတယ်တဲ့။ အဲ့ဒီကိစ္စနဲ့ ကျွန်တော်ကို လာခေါ်တာပေါ့ဗျာ။ ကျွန်တော်ကို ရန်ကုန် ပို့မှာပေါ့။ ၅၀၅(က)နဲ့ ကျွန်တော်ကို တရားစွဲထားတယ်ဗျ။ အဲ့လိုတော့ အကြမ်းဖျင်း သိရတယ်။ အသေးစိတ်တော့ ဘာမှမသိဘူး။ ကျွန်တော်ကို လာခေါ်ပြီ။ ကျွန်တော် လိုက်သွားရတော့မယ်ဗျ။ ချစ်လှစွာသော မြန်မာများ အားလုံးကို ကျွန်တော် နှုတ်ဆက်ပါတယ်။ မြန်မာပြည်ကြီး အမြန်ဆုံး ငြိမ်းချမ်းပါစေ။ ကျွန်တော်က ငြိမ်းချမ်းရေးပဲ လုပ်တာပါ" ဟု ၎င်း၏ Tik Tok အကောင့်တွင် ပြောကြားထားသည်။
ပြီးခဲ့သည့် NLD အစိုးရလက်ထက်ကလည်း ဒေါ်အောင်ဆန်းစုကြည်အား ဝေဖန်ပြောဆိုရေးသားမှုများကြောင့် ဦးမင်းဆွေ(ခ)ငါးမင်းဆွေသည်နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) ဖြင့် တရားစွဲခံရကာ ၂၀၁၈ ခုနှစ် စက်တင်ဘာလအတွင်းတွင် ထောင်ဒဏ်( ၇)နှစ်နှင့် ဒဏ်ငွေ ကျပ် တစ်သိန်း ပြစ်ဒဏ်ချမှတ်ခံခဲ့ရကြောင်း သိရသည်။
၎င်းသည် နစက အစိုးရလက်ထက် ၂၀၂၁ ခုနှစ်အတွင်းတွင် လွတ်ငြိမ်းသက်သာခွင့်ရရှိကာ ပြန်လွတ်မြောက်လာသူဖြစ်ကြောင်းလည်း သိရသည်။
ထိုသို့ဦးငါးမင်းဆွေအား အမှုဖွင့်ဖမ်းဆီးမှုနှင့်ပတ်သက်၍ နစက သတင်းထုတ်ပြန်ရေးအဖွဲ့က တစ်စုံတစ်ရာထုတ်ပြန်ထားခြင်းမရှိသေးပေ။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
