တရုတ်-မြန်မာနယ်စပ်ရှိ မူဆယ် - ကျယ်ဂေါင်နယ်စပ်ဂိတ်များမှ တစ်နိုင်တစ်ပိုင်ကုန်စည်သယ်ယူပို့ဆောင်ခွင့်ကို တရုတ်ဘက်က နိုဝင်ဘာ ၁၁ ရက်မှစတင်၍ ပိတ်ပင်လိုက်ကြောင်း ရွှေလီမြို့ပြည်သူ့အစိုးရဂိတ်ဆိုင်ရာရုံးခန်းက နိုဝင်ဘာ ၉ ရက်တွင် ကြေညာသည်။
ကုန်စည်များကို ခရီးသည်တင်ယာဉ်များ၊ ဆိုင်ကယ်၊ သုံးဘီးများအပြင် လက်တွန်းလှည်းများသုံးပြီး ဆင်ဖြူဂိတ်ပေါက်မှတစ်ဆင့် တရုတ်နိုင်ငံတွင်းသို့ သယ်ဆောင်ခွင့်မပြုတော့ကြောင်း ရွှေလီမြို့ပြည်သူ့အစိုးရဂိတ်ဆိုင်ရာရုံးခန်း၏ ကြေညာချက်တွင် ဖော်ပြထားသည်။
ထို့ပြင် ကျယ်ဂေါင်မှတစ်ဆင့် ပြည်ဝင်ပြည်ထွက် ကုန်ပစ္စည်းအားလုံးသည် ကုန်စည်ပို့ဆောင်သည့် လမ်းကြောင်းမှတစ်ဆင့် ဝင်ထွက်ရမည်ဖြစ်ပြီး ယင်းကြေညာချက်ကို နိုဝင်ဘာ ၁၁ ရက်မှစတင်၍ အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ရွှေလီမြို့ပြည်သူ့အစိုးရဂိတ်ဆိုင်ရာရုံးခန်းက ထုတ်ပြန်သည်။
ပြီးခဲ့သည့်ရက်ပိုင်းကလည်း တရုတ် - "၀" နယ်စပ်ဂိတ်အားလုံးကို တရုတ်အစိုးရဘက်က ကုန်စည်တင်သွင်းခွင့် ပိတ်ပင်ခဲ့သည်။
တရုတ်အစိုးရအနေဖြင့် "၀" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အခြေစိုက် တရုတ်နယ်စပ်ဂိတ်အားလုံးကို ကုန်စည်တင်သွင်းခွင့် ပိတ်ပင်လိုက်ပြီး လောင်စာဆီ၊ အိမ်ဆောက်ပစ္စည်းနှင့် လျှပ်စစ်ပစ္စည်း အစရှိသည့် ကုန်ပစ္စည်းများကို ပိတ်ပင်လိုက်ခြင်းဖြစ်သည်။
တရုတ်အစိုးရအနေဖြင့် "၀" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အခြေစိုက် တရုတ်နယ်စပ်ဂိတ်အားလုံးမှ ကုန်စည်တင်သွင်းခွင့်ကိုသာ ပိတ်ပင်လိုက်ခြင်းဖြစ်ပြီး လူအဝင်အထွက်နှင့် ဟင်းသီးဟင်းရွက်များကိုမူ ဝင်ရောက်ခွင့်ပြုထားကြောင်း သိရသည်။
ထို့ပြင် တရုတ်အစိုးရအနေဖြင့် မိုင်းလားအဖွဲ့ (NDAA) ထိန်းချုပ်ထားသည့် နယ်စပ်ဂိတ်များကိုလည်း တစ်ဆက်တည်း ပိတ်ပင်ခဲ့ကြောင်း သိရသည်။
ထို့အတူ တရုတ်အစိုးရအနေဖြင့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် တအာင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများသို့ ကုန်စည်တင်သွင်းခွင့် ပိတ်ပင်ခြင်းကို ထိရောက်စေရန် တရုတ် - "၀" နယ်စပ်ရှိ နမ့်တစ် (မန်ခါး) ဂိတ်ကို သြဂုတ်လကတည်းက ပိတ်ပင်ထားသည်။
လက်ရှိတွင် တရုတ်အစိုးရဘက်က နမ့်တစ် (မန်ခါး) ဂိတ်နှင့် နယ်စပ်ဂိတ်အကြီးများဖြစ်ကြသည့် မုန်အားဂိတ်၊ ဆောဖာဂိတ် အပြင် မိုင်းလားနယ်စပ်ရှိ ဂိတ်အားလုံးကိုလည်း ကုန်စည်တင်သွင်းခွင့် ရက်အကန့်အသတ်မရှိ ပိတ်ပင်လိုက်ကြောင်း သိရသည်။
တရုတ်အစိုးရဘက်က တရုတ် - "၀" နယ်စပ်ဂိတ်အားလုံး ကုန်စည်တင်သွင်းခွင့် ပိတ်ပင်လိုက်ပြီးနောက် "၀" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း မလိုအပ်ဘဲ ကုန်ပစ္စည်းများ စျေးတင်ရောင်းချခြင်း မပြုရန်၊ လူထုများအကြား ကုန်စျေးနှုန်းနှင့်ပတ်သက်ပြီး သတင်းအမှားများ မဖြန့်ကြရန် UWSP က အောက်တိုဘာ ၂၅ ရက်က ထုတ်ပြန်သတိပေးထားသည်။
ပုံစာ - တရုတ်-မြန်မာ နယ်စပ်ဂိတ်စခန်းတစ်ခု (ပုံဟောင်း) Photo: MOI
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
