တောင်ကိုရီးယားရောက် မြန်မာနိုင်ငံသားအချို့က နိုင်ငံကူးလက်မှတ်များကို တရားမဝင်တံဆိပ်တုံး အတုအပဖြင့် သက်တမ်းတိုးခြင်းများ စိစစ်တွေ့ရသဖြင့် ဖျက်သိမ်းခြင်းနှင့် အမည်မည်းစာရင်း ရေးသွင်းခြင်းများ ပြုလုပ်ခဲ့ကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးက နိုဝင်ဘာ ၉ ရက်တွင် ထုတ်ပြန်သည်။
မြန်မာသံရုံး၊ ဆိုးလ်မြို့အနေဖြင့် ကိုရီးယားသမ္မတနိုင်ငံသို့ ရောက်ရှိနေကြသော မြန်မာနိုင်ငံသားများအား နိုင်ငံကူးလက်မှတ် ကိုင်ဆောင်အသုံးပြုခြင်းဆိုင်ရာ စည်းကမ်းများကို ဖောက်ဖျက်မိခြင်းကြောင့် မိခင်နိုင်ငံနှင့် အိမ်ရှင်နိုင်ငံတို့မှ ဥပဒေအရ အရေးယူခံရနိုင်ကြောင်းနှင့် စိစစ်တွေ့ရှိပါက နိုင်ငံကူးလက်မှတ်အား ဖျက်သိမ်းခြင်းနှင့် အမည်မည်းစာရင်းသွင်းခြင်းတို့ကို ဆောင်ရွက်ခံရမည်ဖြစ်ကြောင်း အသိပေးနှိုးဆော်ချက်ကို အောက်တိုဘာ ၁၅ ရက်က ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ကြောင်း ဖော်ပြထားသည်။
သို့ရာတွင် အချို့သော မြန်မာနိုင်ငံသားများအနေဖြင့် ၎င်းတို့၏ မြန်မာနိုင်ငံကူးလက်မှတ်များ ကို တရားမဝင် တံဆိပ်တုံး အတုအပဖြင့် သက်တမ်းတိုးခြင်းများ လုပ်ဆောင်နေကြောင်း စိစစ်တွေ့ရှိရ သည့်အတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့အနေဖြင့် အဆိုပါ နိုင်ငံကူးလက်မှတ်များကို ဖျက်သိမ်းခြင်းနှင့် အမည်မည်းစာရင်း ရေးသွင်းခြင်း တို့ကို ဆောင်ရွက်ခဲ့ကြောင်း သံရုံးက ဆိုသည်။
ထို့ပြင် တရားမဝင်တံဆိပ်တုံး အတုအပပြုလုပ်ပြီး နိုင်ငံကူးလက်မှတ်များကို သက်တမ်းတိုးနေသူများအား အိမ်ရှင်နိုင်ငံ၏ တရားဥပဒေအရ ထိရောက်စွာ အရေးယူဟန့်တားနိုင်ရေး သက်ဆိုင်ရာ ဝန်ကြီးဌာနအဆင့်နှင့် နယ်မြေခံအဆင့် အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
