ပြီးခဲ့သည့် ဧပြီ ၁၇ ရက် မွန်းလွဲပိုင်းက မော်လမြိုင်မြို့ မုပွန်ရပ်ကွက်ရှိ မုပွန်နယ်မြေ ရဲစခန်းမှ တာဝန်ကျရဲတပ်ကြပ်ကို သေနတ် ဖြင့်ပစ်သတ်ကာ အချုပ်ခန်းဖောက်ထွက်ပြေး သူများအနက်မှ အချုပ်သားတစ်ဦးအား နို ဝင်ဘာ ၉ ရက် ညနေပိုင်းက ပြန်လည်ဖမ်းဆီး ရမိခဲ့ကြောင်း သတင်းရရှိသည်။
နိုဝင်ဘာ ၉ ရက် မွန်းလွဲ ၄ နာရီခန့်က လုံခြုံရေးရဲတပ်ဖွဲ့က နယ်မြေလှည့်ကင်းလုပ် ဆောင်နေစဉ် မော်လမြိုင်မြို့ စျေးကြိုရပ် ကွက် ဒေါင်းဇရပ်ရပ်၊ အောင်ဇမ္ဗူလမ်းပေါ် တွင် မသင်္ကာဖွယ်ရာ အမျိုးသားတစ်ဦးအား တွေ့ရှိရ၍ စစ်ဆေးခဲ့ရာမှ မုပွန်ရဲစခန်းရှိ အ ချုပ်ခန်းဖောက်ပြေးသူတစ်ဦးဖြစ်သူ အသက် ၃၅ နှစ်အရွယ် အောင်သွင် (ခ) အောင်ပု ဆို သူဖြစ်နေသည့်အတွက် ဖမ်းဆီးခဲ့ကြောင်း လုံခြုံရေးရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြော ကြားသည်။
၎င်းက ဆက်လက်ပြီး “ဖမ်းဆီးရမိခဲ့တဲ့ အောင်သွင် (ခ) အောင်ပုဆိုသူက မုပွန်ရဲစခန်း ကနေ တာဝန်ကျရဲတပ်ကြပ်ကို သေနတ်နဲ့ ပစ်သတ်ပြီး အချုပ်ဖောက်ပြေးသွားတဲ့ လေး ဦးထဲက တစ်ဦးဖြစ်တယ်လို့ စစ်ဆေးပေါ်ပေါက် ထားပါတယ်” ဟု ပြောကြားသည်။
ပြီးခဲ့သည် ဧပြီ ၁၇ ရက် (မြန်မာနှစ်ဆန်း တစ်ရက်နေ့) မွန်းလွဲ ၁ နာရီက မုပွန်နယ်မြေ ရဲစခန်းရှိ အချုပ်ခန်းအတွင်း ချုပ်နှောင်ထား သော အချုပ်သားလေးဦးက အချုပ်ခန်းအမိုး အား ဖောက်ထွက်ကာ တာဝန်ကျရဲတပ်ဖွဲ့ဝင် ထံမှ သေနတ်အား လုယူပစ်ခတ်ပြီး ထွက်ပြေး သွားကြောင်းနှင့် အချုပ်သားများက သေနတ် ဖြင့်ပစ်ခတ်မှုကြောင့် တာဝန်ကျရဲတပ်ဖွဲ့ဝင် ရဲတပ်ကြပ်ကြီးထွန်းရှိန် သေဆုံးခဲ့ပြီး အချုပ် သားလေးဦးမှာ ြ–၁၆ သေနတ်တစ်လက် နှင့် ထွက်ပြေးလွတ်မြောက်သွားကြောင်း သိ ရသည်။
ထိုသို့ မုပွန်ရဲစခန်းရှိ အချုပ်ဖောက်ပြေး သူ အချုပ်သားလေးဦးအနက် အသက် ၂၀ အရွယ် နေစိုးစံဆိုသူအား ဧပြီ ၁၉ ရက်က မုဒုံ မြို့နယ် ကျိုက်ရွဲကျေးရွာ မော်လမြိုင်-မုဒုံကား လမ်းမဘေး၌ ပြန်လည်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်ပြီး မုပွန်နယ်မြေရဲစ ခန်းတွင် (ပ) ၅၁/၂၀၂၄၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၀၇/၂၂၄/၁၁၄ နှင့် (ပ) ၅၂/၂၀၂၄၊ လက်နက်ဥပဒေပုဒ်မ ၂၇/၃၁ တို့အရ အမှု ဖွင့်လှစ်ထားကြောင်း သိရသည်။
ထို့ပြင် လွတ်မြောက်နေဆဲဖြစ်သည့် အချုပ်သားနှစ်ဦးကိုလည်း ပြန်လည်ဖမ်းဆီးရ မိနိုင်ရေး စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင် နေကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
