နိုက်စ် - လိုင်လီ (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၁၀ ရက် ည ၈း၃၀)
(၂)သင်းစလုံးရဲ့ လက်ရှိခြေစွမ်းက စိတ်ဝင်စားစရာကောင်းတယ်။ လိုင်လီကတော့ ပိုကောင်းတဲ့ပုံစံကို ပြသနေတဲ့ အသင်းဖြစ်ပြီး ယော်နာသန်ဒေးဗီးစ်ကလည်း တိုက်စစ်မှာ အရမ်းအားထားရတယ်။ ဒါပေမဲ့ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ဂျူဗင်တပ်စ်နဲ့ကစားခဲ့ရလို့ လိုင်လီအသင်း ပွဲပန်းနေနိုင်တယ်။ နိုက်စ်ကလည်း PSG ၊ မိုနာကို၊ ဘရက်စ်တို့လိုအသင်းတွေဆီ က အမှတ်ယူနိုင်ခဲ့တယ်။ အထူးသဖြင့် သူတို့ရဲ့ အိမ်ကွင်းစွမ်းဆောင်ရည်က အထင်ကြီးဖို့ကောင်းပါတယ်။ ဒါကြောင့် လိုင်လီအသင်း နိုက်စ်ကွင်းမှာ ခက်ခဲနိုင်တယ်။ နိုက်စ်ကိုပဲ ရွေးချယ်ချင်တယ်။
■ လိုင်လီအသင်းသည် ပြင်သစ်လီဂူးအဝေးကွင်းနောက်ဆုံး (၁၀) ပွဲ တွင် (၂)ပွဲသာရှုံးနိမ့်ထားပြီး (၆)ပွဲနိုင်၊ (၂)ပွဲသရေရလဒ်ကိုရရှိထားသည်။
မောင့်ပယ်လီယာ - ဘရက်စ် (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၁၀ ရက် ည ၁ဝး၃၀)
မောင့်ပယ်လီယာကို တန်းဆင်းရမယ့် အသင်းလို့ဆိုရမှာဖြစ်ပြီး ကစားပုံက အရမ်းညံ့တယ်။ ဘရက်စ်ကတော့ အမှတ်ပေးဇယားအပေါ် ရောက်သထက်ရောက်အောင် ကြိုးစားနေတယ်။ ဘရက်စ်ကို ကြိုက်တယ်။
လူအယ်ဗာ - Reims (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၁၀ ရက် ည ၁ဝး၃၀)
လူအယ်ဗာက ရှုံးပွဲဆက်နေပြီးနောက် နောက်ဆုံးပွဲမှာ တန်းဆင်းဇုန်ပြိုင်ဘက် မောင့်ပယ်လီယာကို အနိုင်ကစားခဲ့တယ်။ Reims က ပိုကောင်းတဲ့အသင်းဖြစ်ပေမဲ့ လူအယ်ဗာ သရေလောက်တော့ ရနိုင်တယ်။
ရန်းစ် - တူးလူး (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၁၀ ရက် ည ၁ဝး၃၀)
ရပ်တည်မှုချင်း မကွာကြတဲ့ အသင်း (၂)သင်းထိပ်တိုက်တွေ့ဆုံတဲ့ ပွဲပါပဲ။ ဒါပေမဲ့ နောက်ပိုင်းမှာ ပိုကောင်းတဲ့ ပုံစံကို ပြလာတဲ့ တူးလူးကို ရွေးချင်တယ်။
လိုင်ယွန် - စိန့်အက်တီယန် (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၁၁ ရက် နံနက် ၂း၁၅)
လိုင်ယွန်ဆီမှာ ပြီးခဲ့တဲ့ ရာသီကနဲ့ ကွဲပြားတဲ့ ပုံစံကောင်းတွေကို မြင်လာရတယ်။ စိန့်အက်တီယန်က အဝေးကွင်းဆို သိသိသာသာကျဆင်းသွားတတ်တယ်။ အိမ်ရှင် အနိုင်ကန်မယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
