ဘာစီလိုနာအသင်း Nike နှင့် စာချုပ်သစ်ချုပ်ဆိုခဲ့ပြီး တစ်နှစ်လျှင် ယူရိုသန်း ၁၀၀ ကျော် ရရှိမည်
24htopnews | November 11, 2024 1:12 AM CST
အင်္ကျီစပွန်ဆာဖြစ်သည့် Nike အမှတ်တံဆိပ်နှင့် စာချုပ်သစ်ချုပ်ဆိုရန် သဘောတူညီမှုရရှိပြီဖြစ်ကြောင်း ဘာစီလိုနာအသင်းက ထုတ်ပြန်ခဲ့ပြီး တစ်နှစ်လျှင် ယူရိုသန်း ၁၀၀ ကျော်ရရှိမည်ဖြစ်ကြောင်း သိရသည်။
ဘာစီလိုနာအသင်းသည် အမေရိကန် အခြေစိုက် Nike အမှတ်တံဆိပ်နှင့် ၁၉၉၈ ခုနှစ်ကတည်းက လက်တွဲလာခြင်းဖြစ်ပြီး စာချုပ်သစ်မှာလည်း နှစ်ရှည်စာချုပ်ဖြစ်ကြောင်း ဘာစီလိုနာအသင်းက ကြေညာခဲ့သည်။
စာချုပ်တန်ဖိုးကို ထုတ်ပြန်ခြင်းမရှိသော်လည်း ကမ္ဘာ့ဘောလုံးလောက၏ တန်ဖိုးအမြင့်ဆုံးစာချုပ်ဖြစ်နိုင်ကြောင်း ဘာစီလိုနာအသင်းဥက္ကဋ္ဌ လာပေါ်တာက ပြောကြားထားဖူးသည်။
ဘာစီလိုနာအသင်းအနေဖြင့် Nike ထံမှ တစ်နှစ်လျှင် ယူရိုသန်း ၁၀၀ ကျော်ရရှိနိုင်ကြောင်း ESPN သတင်းဌာနက ခန့်မှန်းထားပြီး ရီးယဲလ်အသင်းမှာ Adidas နှင့် စာချုပ်အရ တစ်နှစ်လျှင် ယူရိုသန်း ၁၂၀ ရရှိနေသည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
