ရီးယဲလ်မက်ဒရစ်အသင်း၏ ဒဏ်ရာရ ကစားသမားစာရင်းတွင် ရိုဒရီဂို၊ မီလီတိုနှင့် ဗက်ဇ်ကေးတို့သုံးဦး ထပ်တိုးလာပြီး မီလီတိုမှာ ACL (ဒူးအရွတ်) ဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူရဖွယ်ရှိကြောင်း သိရသည်။
လာလီဂါ ပွဲစဉ် ၁၃ အဖြစ် နိုဝင်ဘာ ၉ ရက်က ယှဉ်ပြိုင်ကစားသည့်ပွဲတွင် ရီးယဲလ်အသင်းက အိုဆာဆူနာအသင်းကို အိမ်ကွင်း၌ (၄-၀) ဂိုးဖြင့် ဂိုးပြတ်အနိုင်ရသော်လည်း ပထမပိုင်းမှာပင် ကစားသမားသုံးဦး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
မိနစ် ၂၀ တွင် ရိုဒရီဂို၊ မိနစ် ၃၀ တွင် မီလီတိုနှင့် ပထမပိုင်းအပြီးတွင် ဗက်ဇ်ကေးတို့ ဒဏ်ရာကြောင့် လူစားလဲခဲ့ရပြီး ဘရာဇီးနောက်ခံလူ မီလီတိုမှာ ဝဲဘက်ခြေထောက် ACL ထိခိုက်မိသဖြင့် လာမည့် ရက်ပိုင်းအတွင်း ခွဲစိတ်ကုသမှုခံယူရမည်ဖြစ်ကြောင်း ရီးယဲလ်အသင်းက ထုတ်ပြန်ခဲ့သည်။ ထို့ပြင် ရိုဒရီဂိုနှင့် ဗက်ဇ်ကေးမှာလည်း သုံးပတ်မှ လေးပတ်ဝန်းကျင် အနားယူရဖွယ်ရှိကြောင်း သိရသည်။
"ပထမပိုင်းမှာပဲ ဒဏ်ရာတွေရခဲ့တာက အရှက်ရစရာပါ။ အခု သူတို့ကို စစ်ဆေးမှု လုပ်ပြီးတော့ ကျွန်တော်တို့ စောင့်ကြည့်ရပါမယ်။ ပထမပိုင်းမှာ သုံးဦးဒဏ်ရာရတာက တော်တော်ထူးဆန်းပါတယ်။ ဘောလုံးပြက္ခဒိန်က တောင်းဆိုမှုတွေရှိနေပြီး ကစားသမား တွေကို အနားယူခွင့်မပေးပါဘူး။ ပွဲစဉ်တွေဆက်တိုက် ကစားရလို့ သူတို့ပင်ပန်းနေပြီး ဒဏ်ရာရနိုင်ခြေ ပိုမြင့်လာပါတယ်" ဟု ရီးယဲလ်အသင်း နည်းပြ အန်ဆယ်လော့တီက ပြောကြားခဲ့သည်။
ရီးယဲလ်အသင်းတွင် ကာဗာဟယ်လ်မှာ ACL ဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူနေရပြီး အလာဘာ၊ ကော်တိုအာ၊ ချူယာမန်နီတို့လည်း ဒဏ်ရာနှင့် ကြံ့ခိုင်မှု ပြသနာကြောင့် မကစားနိုင်ဘဲ အနားယူနေရကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
