ဆိုစီဒက်အသင်းမှ စပိန်ကွင်းလယ်ကစားသမား ဇူဘီမန်ဒီအား လာမည့်ဇန်နဝါရီအပြောင်းအရွှေ့တွင်ခေါ်ယူရန် မန်စီးတီးအသင်းစီစဉ်
24htopnews | November 11, 2024 2:12 AM CST
မန်စီးတီးအသင်းသည် ဆိုစီဒက်အသင်းမှ စပိန်ကွင်းလယ်ကစားသမား ဇူဘီမန်ဒီအား လာမည့်ဇန်နဝါရီအပြောင်းအရွှေ့တွင် ပေါင်သန်း(၅၀)ဝန်းကျင်ဖြင့် ခေါ်ယူရန် စီစဉ်နေကြောင်း သိရသည်။
ဇူဘီမန်ဒီ(၂၅ နှစ်)သည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် လီဗာပူးလ်အသင်း၏ ပစ်မှတ်ကစားသမားဖြစ်ခဲ့သော်လည်း ဆိုစီဒက်တွင် ဆက်ကစားရန်သာ ဆုံးဖြတ်ခဲ့သူဖြစ်သည်။
သို့သော် ဇူဘီမန်ဒီအနေဖြင့် ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့ကစားရန် ဆန္ဒရှိနေကြောင်း ၎င်းနှင့် နီးစပ်သူများက ပြောကြားခဲ့ကြသည်။
ယခုအခါ မန်စီးတီးအသင်းက ဒဏ်ရာကြောင့် ရာသီကုန်အထိ ဆုံးရှုံးထားရသည့် ရိုဒရီနေရာအတွက် ဇူဘီမန်ဒီအား အစားထိုးခေါ်ယူရန် စီစဉ်နေခြင်း ဖြစ်ကြောင်း သိရသည်။
ဇူဘီမန်ဒီသည် ယခုရာသီတွင် ဆိုစီဒက်အသင်းအတွက် ပြိုင်ပွဲစုံ ၁၆ ပွဲ ကစားထားပြီး ၁ ဂိုး သွင်းယူပေးထားသည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
