မွန်ပြည်နယ် သထုံမြို့နယ် မြေနီကုန်း ကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းနံဘေးရှိ Puma Power စက်သုံးဆီအရောင်းဆိုင် မှ မန်နေဂျာအား နိုဝင်ဘာ ၈ ရက် မွန်းလွဲပိုင်းက လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဖမ်းဆီးခေါ် ဆောင်သွားကြောင်း သတင်းရရှိသည်။
နိုဝင်ဘာ ၈ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့် က သထုံမြို့နယ် မြေနီကုန်းကျေးရွာရှိ အဆိုပါ Puma Power စက်သုံးဆီအရောင်းဆိုင်သို့ probox အမည်းရောင်ယာဉ်တစ်စီး ရောက်ရှိလာပြီး ယာဉ်ပေါ်မှ လက်နက်ကိုင် အမျိုးသား နှစ်ဦး ဆင်းလာကာ ဆိုင်ဝန်ထမ်းဖြစ်သူ မောင်ဟန်ထူးစျာန်နှင့် မောင်အောင်မြင့်သန်းတို့ နှစ်ဦးအား စစ်ဆေးရန်ရှိသည်ဟုဆိုကာ စက်သုံးဆီအရောင်းဆိုင် အနောက်ဘက်သို့ ခေါ် သွားပြီးနောက် ၎င်းတို့နှစ်ဦး၏ လက်အား ကြိုးချည်နှောင်ပြီး ပါးစပ်အား တိပ်အကြည်ရောင်စဖြင့် ရစ်ပတ်ချုပ်နှောင်ထားခဲ့ကြောင်း နှင့် မိုင်းပေါက်ကွဲသံကြားမှသာ စက်သုံးဆီအ ရောင်းဆိုင်အနောက်မှ ထွက်လာကြရန် မှာ ကြားခဲ့သည်ဟု သိရကြောင်း အဆိုပါစက်သုံး ဆီအရောင်းဆိုင်နှင့် နီးစပ်သူတစ်ဦးက ပြော ကြားသည်။
၎င်းက ဆက်လက်ပြီး “ပြီးတော့ သေနတ်ကိုင်ဆောင်ထားတဲ့ အမျိုးသားတစ်ဦးက စက်သုံးဆီဆိုင်ထဲက မန်နေဂျာရုံးခန်းထဲကို ဝင်သွားပြီးတော့ စက်သုံးဆီအရောင်းဆိုင်မန်နေဂျာဖြစ်တဲ့ အသက် ၃၈ နှစ်အရွယ် ဒေါ် သိမ့်သူဇာကို ဖမ်းဆီးခေါ်ဆောင်သွားတယ် လို့ သိရပါတယ်။ ဒေါ်သိမ့်သူဇာ က သထုံမြို့ နယ် နောင်ကုလားရွာကြီးကျေးရွာမှာ နေထိုင် တဲ့သူပါ” ဟု ပြောကြားသည်။
ထို့ပြင် မန်နေဂျာရုံးခန်းအတွင်းရှိ accer အမျိုးအစား လက်တော့တစ်လုံး၊ စားပွဲအံဆွဲ အတွင်းမှ စက်သုံးဆီရောင်းချရငွေ ကျပ်ခြောက်သိန်းကျော်အား ယူဆောင်သွားပြီးနောက် သထုံမြို့နယ် သုဝဏ္ဏဝတီမြို့ (ကျိုက္ကော်) ဘက် သို့ မောင်းနှင်သွားသည်ဟု သိရကြောင်းနှင့် မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်ခန့်တွင် မန်နေဂျာရုံး ခန်းအတွင်းမှ အသံမိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ၎င်းင်းက ဆိုသည်။
ထို puma power စက်သုံးဆီအရောင်း ဆိုင် မန်နေဂျာအား မည်သည့်လက်နက်ကိုင် အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားသည်ကို မသိရသေးကြောင်းနှင့် အခင်းဖြစ်ပွားပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပိတ်ဆို့စစ်ဆေးမှု များလုပ်ဆောင်ခဲ့ကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် နိုဝင်ဘာ ၆ ရက် မွန်းလွဲ ၂ နာရီခန့်တွင် မုဒုံမြို့နယ် ကျိုက်ရွဲကျေး ရွာရှိ ဟွန်ဒါမြန်မာ သစ်ပါးလွှာစက်ရုံဝင်းအ တွင်းသို့ အင်အား ၂၀ ခန့်ရှိ မွန်ပြည်သစ်ပါတီ (ဗီ) အဖွဲ့မှ သေနတ်ဖောက်ကာ ဝင်ရောက် လာပြီးနောက် စက်ရုံမှူး၊ မန်နေဂျာနှင့် တရုတ် နိုင်ငံသားပညာရှင်တစ်ဦးတို့အား ဖမ်းဆီး ခေါ်ဆောင်သွားသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သေး ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များ ၏ သတင်းဖော်ပြချက်များအရ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
