လီဗာပူးလ်နှင့် အေဂျက်စ်တောင်ပံကစားသမားဟောင်း ဘာဘယ်လ်က ကစားသမားဘဝမှ အပြီးတိုင်အနားယူပြီဖြစ်ကြောင်း ကြေညာခဲ့သည်။
ဘာဘယ်လ် (၃၇ နှစ်)သည် ၂၀၂၂-၂၃ ရာသီကုန်တွင် တူရကီကလပ် Eypuspor အသင်းနှင့်လမ်းခွဲပြီးနောက် အသင်းလက်မဲ့ဖြစ်နေသူဖြစ်သည်။
ဘာဘယ်လ်သည် တစ်နှစ်ကျော်အတွင်း အသင်းသစ်ရှာမရပြီးနောက် ကစားသမားဘဝမှ အနားယူပြီဖြစ်ကြောင်း ၎င်း၏ လူမှုကွန်ရက် X စာမျက်နှာမှတစ်ဆင့် ကြေညာခဲ့ခြင်း ဖြစ်သည်။
ဘာဘယ်လ်၏ကြေညာချက်တွင် "ဘောလုံးက ၎င်း၏အိပ်မက်ထက် ပိုသည့်အရာများကို ပေးခဲ့ကြောင်း၊ အသင်းဖော်များ၊ နည်းပြများနှင့် ပရိသတ်များကို ကျေးဇူးတင်ကြောင်း"ဖော်ပြခဲ့သည်။
ဘာဘယ်လ်သည် ကစားသမားဘဝတွင် အေဂျက်စ်၊ လီဗာပူးလ်၊ ဂါလာစာရေးအပါအဝင် ကလပ် (၁၀)သင်း၌ ကစားခဲ့ပြီး ဆုဖလားများလည်း ရရှိခဲ့သည်။
၎င်းသည် နယ်သာလန်လက်ရွေးစင်အသင်းအတွက်လည်း (၆၉) ပွဲ ကစားခဲ့ပြီး (၁၀) ဂိုး သွင်းယူခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
