ဘာစီလိုနာအသင်းသည် အမေရိကန်အခြေစိုက် အားကစားပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီ Nike နှင့် ယူရို (၁.၇) ဘီလီယံတန် စပွန်ဆာ စာချုပ်သစ် ချုပ်ဆိုခဲ့ကြောင်း သိရသည်။ Nike သည် ဘာစီလိုနာအသင်းကို ၁၉၉၈ ခုနှစ်မှစတင်ကာ စပွန်ဆာပေးခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့်စာချုပ်မှာ ၂၀၂၈ ခုနှစ်တွင် ကုန်ဆုံးမည်ဖြစ်သည်။
ဘာစီလိုနာအသင်းသည် အမေရိကန် အခြေစိုက် Nike အမှတ်တံဆိပ်နှင့် ၁၉၉၈ ခုနှစ်ကတည်းက လက်တွဲလာခြင်းဖြစ်ပြီး စာချုပ်သစ်မှာလည်း နှစ်ရှည်စာချုပ်ဖြစ်ကြောင်း ဘာစီလိုနာအသင်းက ကြေညာခဲ့သည်။ Nike နှင် ချုပ်ဆိုမည့်စာချုပ်မှာ ကမ္ဘာ့ဘောလုံးလောက၏ တန်ဖိုးအမြင့်ဆုံးစာချုပ်ဖြစ်နိုင်ကြောင်း ဘာစီလိုနာအသင်းဥက္ကဋ္ဌ လာပေါ်တာက ပြောကြားထားဖူးသည်။
ဘာစီလိုနာအသင်းအနေဖြင့် ၂၀၂၈ ခုနှစ်တွင် Nike နှင့် လမ်းခွဲကာ စပွန်ဆာကြေးပိုပေးသည့် Puma နှင့် စာချုပ် ချုပ်ဆိုမည်ဟု သတင်း ထွက်ပေါ်ခဲ့သော်လည်း Nike က Puma ပေးသည့်ကြေးကို ပေးချေရန် သဘောတူညီခဲ့သည့်အတွက် စာချုပ်သစ်ချုပ်ဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဘာစီလိုနာအသင်း၏ထုတ်ပြန်ချက်တွင် "အားကစားလောကကို ဦးဆောင်နေသည့် ဘာစီလိုနာနှင့် Nike တို့သည် နှစ်ပေါင်းများစွာ လက်တွဲရန် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း"ဖော်ပြပါရှိသည်။
စပိန်မီဒီယာများ၏ဖော်ပြချက်အရ ဘာစီလိုနာအသင်းသည် Nike နှင့် ၂၀၃၈ ခုနှစ်အထိ စာချုပ်သစ်ချုပ်ဆိုခဲ့ပြီး ယင်းစာချုပ်အရ တစ်ရာသီ ယူရို (၁၂၇)သန်းနှင့် ဆုကြေးများ ရရှိမည်ဖြစ်ကာ စာချုပ်၏တန်ဖိုးမှာ ယူရို (၁.၇) ဘီလီယံရှိကြောင်း သိရှိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
