ကယ်လီဖိုးနီးယားပြည်နယ်တွင် တောမီးလောင်ကျွမ်းမှုကြောင့် နေအိမ် ၁၃၀ ကျော် ပျက်စီးဆုံးရှုံး
24htopnews | November 11, 2024 4:12 PM CST
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်တွင် တောမီးလောင်ကျွမ်းမှုကြောင့် နေအိမ်ပေါင်း ၁၃၀ ကျော် ပျက်စီးဆုံးရှုံးခဲ့သည်ဟု မီးသတ်သမားများက နိုဝင်ဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။
လော့အိန်ဂျလိစ်အပြင်ဘက် ကာမာရီလိုမြို့အနီး တောင်တန်းတွင် လောင်ကျွမ်းသောတောမီးသည်
ယခုသီတင်းပတ်အတွင်း ဟာရီကိန်းပြင်းအားရှိ လေပြင်းများတိုက်ခတ်မှုကြောင့် မီးလောင်ကျွမ်းမှု ပိုမိုအရှိန်ပြင်းလာခဲ့ကာ တောမီးသည် ဧက ၂၀,၀၀၀ ကျော်အထိ အလျင်အမြန် ပျံ့နှံ့ခဲ့သည်။
တောမီးလောင်ကျွမ်းသည့် လမ်းကြောင်းတစ်လျှောက်ရှိ လူပေါင်းထောင်ချီဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရသည်။
တောမီးမှာ နေအိမ်တစ်အိမ်မှ တစ်အိမ်သို့ အလျင်အမြန် ကူးလာသောကြောင့် အချို့မှာ ပိုင်ဆိုင်သည့်ပစ္စည်းများနှင့် အိမ်မွေးတိရစ္ဆာန်များကို သယ်ယူခေါ်ဆောင်ချိန် မိနစ်ပိုင်းသာ အချိန်ရခဲ့သည်။
■Ref : AFP
■Photo : AFP
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
