ဘိုင်ယန်မြူးနစ်အသင်းမှ ဩစတြီးယားနောက်ခံလူ အလာဘာက စာချုပ်သက်တမ်းတိုးရန် ကာလကြာရှည်ဆွေးနွေးမှုများကို အသင်းဘက်မှ ရပ်ဆိုင်းရန် ဆုံးဖြတ်လိုက်ခြင်းကြောင့် သူ့အနေဖြင့် နာကျင်ရပြီး စိတ်ပျက်ဝမ်းနည်းမိသည်ဟု ဆာလ်ဇ်ဘာ့ဂ်နှင့်ချန်ပီယံလိဂ်ပွဲမတိုင်မီ ပွဲကြိုသတင်းစာရှင်လင်းပွဲတွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ဘိုင်ယန်မြူးနစ်အသင်း၏ ဥက္ကဋ္ဌဖြစ်သူ ဟားဘတ်ဟိုင်နာက အသင်းနောက်ခံလူ အလာဘာကို စာချုပ်သက်တမ်းတိုးရန်အတွက် ဆွေးနွေးမှုကို ရပ်ဆိုင်းလိုက်ပြီဖြစ်ပြီး၊ ထပ်မံကမ်းလှမ်းတော့မည်မဟုတ်ဟု ကြေညာခဲ့ခြင်းဖြစ်သည်။
အသက် (၂၈)နှစ်အရွယ်ရှိ အလာဘာသည် ယခုနှစ်ရာသီကုန်၌ အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးတော့မည် ဖြစ်ရာ ဘိုင်ယန်မြူးနစ်အသင်းက ယင်းကဲ့သို့ ဆုံးဖြတ်လိုက်ခြင်းကြောင့် သူသည် ရာသီကုန်တွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာခွင့်ရမည်ဖြစ်သည်။
ဘိုင်ယန်မြူးနစ်အသင်းသည် အလာဘာကို သက်တမ်းတိုးရန်အတွက် အကြိမ်ကြိမ်ကြိုးစားခဲ့ပြီး အဆင်ပြေ ခြင်းမရှိခဲ့ချေ။ နောက်ဆုံးကမ်းလှမ်းခဲ့မှုတွင်လည်း အလာဘာအတွက် တစ်နှစ်လစာငွေ ယူရို (၁၁) သန်း၊ အပိုဆုကြေးများပါဝင်ပါက ယူရို (၁၅) သန်းအထိ ရရှိနိုင်မည့် လစာငွေဖြင့် (၅) နှစ်သက်တမ်းအထိ ချုပ်ဆိုရန် ကမ်းလှမ်းခဲ့သည်ဟု သိရှိရသည်။
အလာဘာ၏လက်ရှိစာချုပ်သည် တစ်ရာသီ ယူရို (၁၀) သန်းဝန်းကျင် ရရှိနေပြီး အသင်းတွင် အယ်လ်ဖွန်ဆိုဒေးဗီးစ်၊ လူးကပ်စ်ဟာနန်ဒက်ဇ်စသည့် ကစား သမားများရှိနေသောကြောင့် လက်လွှတ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ဖွယ်ရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
