ရီးယဲလ်မက်ဒရစ်အသင်း၏ နည်းပြဖြစ်သူ ဇီဒန်းက အင်တာမီလန်အသင်းနှင့်ကစားရမည့် ချန်ပီယံလိဂ်ပွဲသည် မိမိတို့အသင်းအတွက် မဖြစ်မနေအနိုင်ကစားရမည့်ပွဲစဉ်ဖြစ်သည်ဟု ပြောကြားခဲ့သည်။
ရီးယဲလ်မက်ဒရစ်အသင်းသည် (၂)ပွဲကစားပြီးချိန်တွင် (၁)မှတ်သာရထားပြီး ယခုပွဲတွင် ရှုံးခဲ့ပါက နောက်တစ်ပွဲတွင် မီလန်မြေတွင် ပြန်ကစားသည့်ပွဲအတွက် ပိုမိုခက်ခဲမည့်အခြေအနေဖြစ်နေသည်။
ယင်းအတွက်ကြောင့် ဇီဒန်းက ''ကျွန်တော်တို့ရဲ့ ပြိုင်ဘက်အသင်းအကြောင်းကို သိပါတယ်။ အရမ်းခက်ခဲမှာပါ။ သူတို့က အသင်းကောင်းတစ်သင်းဖြစ်ပါတယ်။ ကြံ့ခိုင်မှုအရမ်းကောင်းသလို၊ ကစားပုံလည်း အရမ်းကောင်းပါတယ်။ ဒီပွဲက ကျွန်တော်တို့အတွက် ဖိုင်နယ်ပွဲတစ်ပွဲလိုပါပဲ။ ကျွန်တော်တို့ ယူရမယ့်အရာကို ရအောင်ယူရမှာပါ။ (၃)မှတ်ရဖို့ အရေးကြီးပါတယ်''ဟု ပြောကြားခဲ့သည်။
ယနေ့တွင်ကစားမည့် အင်တာမီလန်နှင့်ချန်ပီယံလိဂ်ပွဲမတိုင်မီ သူ၏အနာဂတ်နှင့်ပတ်သက်ပြီး မေးမြန်းမှုကို ဇီဒန်းက ယင်းအကြောင်း လုံးဝမတွေးထားကြောင်း တုံ့ပြန်ခဲ့သည်။
သို့သော် ဇီဒန်းက ယင်းပွဲစဉ်တွင် အနိုင်ရရန်အတွက် မည်မျှအရေးပါကြောင်း Highlight လုပ်ကာ သုံးသပ်ခဲ့သည်။
ရီးယဲလ်မက်ဒရစ်အသင်းသည် ချန်ပီယံလိဂ်အုပ်စု(B)၌ တစ်ပွဲသရေ၊ တစ်ပွဲရှုံးဖြင့် အောက်ဆုံးနေရာတွင် ရပ်တည်နေသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
