မန်စီးတီးနည်းပြ ဂွါဒီယိုလာက ကမ္ဘာတစ်ဝန်းဗိုင်းရပ်စ်ပြဿနာဖြင့် ရင်ဆိုင်နေရချိန်တွင် ဘောလုံးလောကသည် ခြွင်းချက်မထားခံရသင့်ဟု ယူဆနေပြီး ဒုတိယအကြိမ် ပွဲများရပ်ဆိုင်းသင့်လျှင် ရပ်ဆိုင်းရမည်ဟု မှတ်ချက်ပြုခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူမှုအဖွဲ့အစည်းအမျိုးမျိုးနှင့် စီးပွားရေး လောကများတွင် အခက်အခဲမျိုးစုံရင်ဆိုင်နေရပြီး ဘောလုံးလောကမှာမူ အစိုးရထံမှ အထူးကင်းလွတ်ခွင့်ရသကဲ့သို့ ဖြစ်နေသည်။
ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်သည် ဗြိတိန်တစ်ဝန်း (၄)ပတ်ကြာ Lockdown ချသည်ဟု ကြေညာခဲ့သော်လည်း ပရီးမီးယားလိဂ်ပြိုင်ပွဲကိုမူ ပရိသတ်မပါဘဲ ဆက်လက်ကျင်းပနိုင်သည်ဟု ခွင့်ပြုချက်ပေးခဲ့သည်။
ဂွါဒီယိုလာက ''အခြေအနေတွေ ဆိုးလာတာကြောင့် ဝန်ကြီးချုပ်က ဒီဆုံးဖြတ်ချက်ကို ချခဲ့ရပြီး ဒါက ခက်ခဲပါတယ်။ ဒါက စပိ်န်၊ ဂျာမနီ၊ ပြင်သစ်တို့မှာလည်း ဖြစ်နေတယ်။ နေရာတိုင်းမှာပါပဲ။ ဒါကြောင့် ဘောလုံးဟာလည်း လူ့အဖွဲ့အစည်းမှာ ဖြစ်နေတာကြောင့် ခြွင်းချက်ရသင့်တယ်လို့ ကျွန်တော်ကတော့ မထင်ပါဘူး။ ကစားရမယ်ဆိုရင် ကျွန်တော်တို့ ကစားမှာပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့ဟာ တခြားလူ့မှုအဖွဲ့အစည်းတွေနဲ့ မကွဲပြားမခြားနားလိုပါဘူး။ စား သောက်ဆိုင်တွေ ပိတ်သလိုပေါ့။ ဒါက တခြားသူတွေအတွက် မတရားပါဘူး။ လူတချို့က လုပ်ချင်တာကို လုပ်နေရပြီး တချို့က Lockdown မိနေရတာပါ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ သတိမပြတ်ထားရပါမယ်။ ရပ်တန့်ဖို့လိုလာတဲ့အခါ တကယ်ရပ်ပစ်ရပါမယ်''ဟု မီဒီယာများသို့ ပြော ကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
