ဘိုင်ယန်မြူးနစ်အသင်း၏ ဂျာမနီလက်ရွေးစင်နောက်ခံလူ ဇူလာနှင့် ရီးယဲလ်မက်ဒရစ်အသင်း၏ ဘရာဇီးလ်လက်ရွေးစင်နောက်ခံလူ မီလီတိုတို့သည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသည်ဟု သက်ဆိုင်ရာ ကလပ်အသင်းများက ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ဘိုင်ယန်မြူးနစ်အသင်းက "ဇူလာက Covid-19 စစ်ဆေးမှုမှာ ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း တွေ့ရှိရပါတယ်။ ဒါကြောင့်သူက နေအိမ်မှာ သီးခြားခွဲနေထိုင်နေပြီး၊ ကျန်းမာရေးအခြေအနေကောင်းမွန်ပါတယ်"ဟု ကြေညာခဲ့ပြီး၊ ရီးယဲလ်မက်ဒရစ်အသင်းကလည်း "မီလီတိုက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရပြီး သူနဲ့ အနီးကပ်ထိတွေ့ခဲ့တဲ့ ကစားသမားများ၊ နည်းပြအဖွဲ့ဝင်များအပါအဝင် အခြားကွင်းဝန်ထမ်းအားလုံးရဲ့ တစ်ချိန်တည်း စစ်ဆေးမှုကတော့ Negative အဖြေထွက်ခဲ့ပါတယ်" ဟု ကြေညာချက်ထုတ်ပြန်ခဲ့သည်။
လာမည့် အင်္ဂါညတွင် ချန်ပီယံလိဂ်ပွဲစဉ်များအဖြစ် ဘိုင်ယန်မြူးနစ်အသင်းသည် သြစတြီးယားကလပ် ဆာလ်ဇ်ဘာ့ဂ်အသင်းနှင့် အဝေးကွင်းပွဲစဉ်ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ရီးယဲလ်မက်ဒရစ်အသင်းမှာမူ စီးရီးအေထိပ်သီး အင်တာမီလန်အသင်းနှင့် အိမ်ကွင်းပွဲစဉ် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
