လီဗာပူးလ်အသင်း၏ နည်းပြဖြစ်သူ ယာဂန်ကလော့ပ်က ဝက်စ်ဟမ်းအသင်းနှင့်ပွဲတွင် ရရှိခဲ့သည့် ပယ်နယ်တီနှင့် ပတ်သက်ပြီး အသင်း၏ တိုက်စစ်မှူး ဆာလာအပေါ် ဝေဖန်နေမှုများကို နားမလည်နိုင်ကြောင်း ပြောကြားသွားခဲ့သည်။
ယင်းပွဲတွင် ဝက်စ်ဟမ်းနောက်ခံလူ မာဆူအာကူသည် ဆာလာအား ဖျက်ထုတ်ရန် ကြိုးပမ်းရာတွင် ပြစ်ဒဏ်ကျူးလွန်သည်ဟုဆိုကာ ကွင်းလယ်ဒိုင်က ပယ်နယ်တီအဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
ယင်းဆုံးဖြတ်အချက်အပေါ် မီဒီယာများက ဝေဖန်နေသလို၊ ဆိုရှယ်မီဒီယာများတွင်လည်း ပရိသတ်များက မိုဆာလာကို ဒိုင်ဗင်ပစ်ခဲ့သည်ဟုဆိုကာ လှောင်ပြောင်မှုများပြုလုပ်နေကြသည်။
ယာဂန်ကလော့ပ်ကမူ "ကျွန်တော်ဘာပြောနိုင်မှာလဲ။ ဒါက ပြစ်ဒဏ်ဘောပဲကို။ ဒီဖြစ်ရပ်ကို မြင်လိုက်တဲ့သူတိုင်း သိမှာပါ။ ခင်ဗျားတို့ ယုံချင်ယုံ၊ မယုံချင်နေပါ။ ကျွန်တော်လည်း ဆာလာကို ဒီမနက်ပဲ သူဘယ်လိုခံစားနေရသလဲလို့ မေးခဲ့သေးတယ်။ သူက ခြေထောက်ကို (၃)ကြိမ်အကန်ခံခဲ့ရပြီး အဲဒီ (၃)ကြိမ်ထဲက ဒီတစ်ကြိမ်က ပယ်နယ်တီ ဖြစ်ခဲ့တာပါ။ ဒါပါပဲ။ အကန်ခံရတာပါ။ မိုဆာလာက လဲသည်ဖြစ်စေ၊ မလဲသည်ဖြစ်စေ ဒါဟာ ပယ်နယ်တီပါပဲ။ ကျွန်တော်တို့ မရခဲ့တဲ့ ပယ်နယ်တီတွေအကြောင်းကို ပြောနေရင် အရှည်ကြီးပါ။ ဒါပေမဲ့ အခုရသင့်လို့ ရတဲ့ပယ်နယ်တီကိစ္စကိုတော့ ပွဲကန်ပြီး (၂)ရက်ကြာတဲ့အထိ ပြောနေရတုန်းပဲ။ ပြီးတော့ ဒါက တကယ်ကို မိုဆာလာရဲ့ခြေထောက်ကို ထိမိခဲ့ပါတယ်။ ဒီတော့ ကျွန်တော် ဘာပြောနိုင်မှာလဲ။ သူ့ကို ဝေဖန်နေကြတာတွေကို နားမလည်နိုင်ဘူးပေါ့" ဟုဆိုခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
