ဘာစီလိုနာအသင်း၏ တိုက်စစ်မှူး ဂရီးဇ်မန်းက အလာဗတ်စ်အသင်းကို သရေကျခဲ့ပြီးနောက် အဝတ်လဲခန်းအတွင်း၌ မိမိတို့အသင်းသားများ ပေါက်ကွဲခဲ့ကြသည်ဟု ဝန်ခံပြောကြားခဲ့သည်။
ဂရီးဇ်မန်းသည် ယင်းပွဲတွင် ဂိုးပေါက် ပြန်တွေ့ခဲ့သော်လည်း ချေပဂိုးသာရရှိခဲ့ပြီး အနိုင်ဂိုးမရခဲ့ခြင်းအတွက် အသင်း၏ စွမ်းဆောင်ရည်အပေါ် မကျေမနပ်ဖြစ်နေသည်။
အထူးသဖြင့် ဒုတိယပိုင်းပွဲချိန်အတော်များများကို ကစားသမားတစ်ဦးအသာဖြင့် ကစားရပါလျက်နှင့် နိုင်ပွဲမရခဲ့ခြင်းအတွက် အလွန်စိတ်ပျက်နေပြီး ဂရီးဇ်မန်းက "ကျွန်တော်တို့အရမ်း ဒေါသထွက်ခဲ့ကြတယ်။ ပေါက်ကွဲခဲ့ကြတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့လိုချင်တာ (၃)မှတ်မရခဲ့လို့ပါ။ ကျွန်တော်တို့ဟာ ပြိုင်ဘက်ဂိုးပေါက်ရှေ့မှာ အကြိမ်ပေါင်းများစွာ လွဲချော်ခဲ့ပါတယ်။ ကျွန်တော်က အဆိုးဆုံးပါပဲ။ အခွင့်အရေးများစွာရခဲ့ပေမဲ့ တစ်ဂိုးသာ သွင်းယူနိုင်ခဲ့ပါ တယ်။ အသင်းက ကျွန်တော့်ဆီက ဂိုးတွေလိုအပ်နေပြီး ကျွန်တော်လည်း တိုးတက်လာဖို့လည်းလိုနေပါပြီ" ဟု ဆိုခဲ့သည်။
ဘာစီလိုနာအသင်းသည် ယင်းပွဲတွင် ဂိုးသမား နေတို၏ အမှားကြောင့် အလာဗတ်စ်အသင်း၏ ဦးဆောင်ဂိုးကို ခွင့်ပြုခဲ့ရခြင်းဖြစ်သည်။
ဘာစီလိုနာအသင်းသည် အမှတ်ပေးဇယားအဆင့် (၁၂)နေရာအထိ ရောက်နေပြီး ထိပ်ဆုံးမှ ဆိုစီဒက်နှင့် (၉)မှတ်၊ ပြိုင်ဘက် ရီးယဲလ်မက်ဒရစ်နှင့် (၈)မှတ်အကွာတွင် ရှိနေသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
