မန်ယူအသင်း၏ ပြင်သစ်လက်ရွေးစင်ကွင်းလယ်လူ ပေါ့ဘာက အာဆင်နယ်အသင်းကို ရှုံးနိမ့်ခဲ့သည့်ပွဲတွင် သူ၏ ဖျက်ထုတ်မှုကြောင့် ပယ်နယ်တီပေးခဲ့ရခြင်းအတွက် သူ၏ အမှားဖြစ်ကြောင်း ဝန်ခံခဲ့ပြီး ခံစစ်ပိုင်းကစားပုံ ပိုမိုကောင်းမွန်အောင် ကြိုးစားသွားမည်ဟုလည်း ကတိပေးပြောကြားသွားခဲ့သည်။
ပေါ့ဘာက "လိုက်ပ်ဇစ်နဲ့ပွဲမှာ အရမ်းကောင်းတဲ့ စွမ်းဆောင်ရည်ကို ပြသခဲ့ပြီးတဲ့နောက် ဒီပွဲမှာတော့ ကျွန်တော်တို့ ထပ်မလုပ်နိုင်ခဲ့ပါဘူး။ ဘာကြောင့်ဒီလိုဖြစ်ရသလဲဆိုတာကို ရှာဖွေဖို့ လိုပါတယ်။ ကျွန်တော်ကိုယ်တိုင်ရောပါပဲ။ ကျွန်တော့် အနေနဲ့ ဒီလိုပြစ်ဒဏ်မျိုးကို မလုပ်ခဲ့သင့်ပါဘူး။ ဘောလုံးကို ထိခဲ့တယ်လို့ ကျွန်တော်ထင်ပေမယ့် တကယ်တော့ မထိခဲ့ပါဘူး။ ဒီဂိုးက ကျွန်တော်တို့ကို ရှုံးပွဲတွေ့စေခဲ့ပါတယ်။ ကျွန်တော်တို့ကစားတာ အခုထက်ပိုကောင်းသင့်ပြီး ဂိုးတွေလည်း ပိုရသင့်ပါတယ်။ ကျွန်တော်တို့ ဘောလုံးနဲ့အတူ ပိုကောင်းအောင်ကစားဖို့လိုနေပြီး၊ ပိုပြီးခြိမ်းခြောက်နိုင်စွမ်းလည်း ရှိသင့်ပါတယ်။ ကျွန်တော်အပါအဝင် တစ်သင်းလုံး ပိုပြီးကောင်းလာအောင် လုပ်ဖို့လိုပါတယ်။ နောက်ဆုံးပြောချင်တာကတော့ ကျွန်တော့်ရဲ့ ညံ့ဖျင်းလွန်းတဲ့ အမှားပါ။ ဒီလို ပယ်နယ်တီမျိုးကို မပေးသင့်ပါဘူး။ ဒီလိုလုဖို့ ကြိုးစားရမယ့်အစား ဘောလုံးကို ပေးလိုက်သင့်ပြီး၊ ဒီဘောလုံးကို တားဆီးနိုင်ဖို့ကိုသာ ကြိုးစားခဲ့သင့်ပါတယ်။ ကျွန်တော် ခံစစ်ဇုန်ထဲမှာ အကောင်းဆုံးမကစားနိုင်ပါဘူး။ ဒါကြောင့် ခံစစ်ကစားပုံ ပိုကောင်းလာဖို့အတွက် ကျွန်တော် ကြိုးစားသွားမှာပါ" ဟုဆိုခဲ့သည်။
မန်ယူအသင်းသည် ယင်းပွဲအပါအဝင် ယခုရာသီတွင်အိမ်ကွင်း (၄)ပွဲစလုံး နိုင်ပွဲမရရှိသေးချေ။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
