စပါးအသင်း၏ နည်းပြဖြစ်သူ မော်ရင်ဟိုက ဘရိုက်တန်အသင်းကို အိမ်ကွင်းတွင် (၂-၁)ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲအပြီးတွင် မိမိပထမဆုံးလုပ်သည့်အလုပ်မှာ မက်ဒရစ်အခြေစိုက် ဝက်ဘ်ဆိုက်များ ဘာရေးမလဲဆိုသည်ကို ဝင်ကြည့်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
စပါးအသင်းသည် ဝက်စ်ဟမ်းအသင်းနှင့် ကစားခဲ့သည့်ပွဲတွင် (၃-ဝ)ဂိုးဖြင့် အနိုင်ရရှိနေရာမှ ဂါရတ်ဘေးလ် လူစားဝင်လာခဲ့ပြီးနောက် (၃-၃)ဂိုးစီသရေကျခဲ့သည့်အတွက် As နှင့် Marca အပါအဝင် စပိန်သတင်းစာများသည် ဂါရတ်ဘေးလ် ကျိန်စာဟိုဆိုကာ လှောင်ပြောင်ရေးသား မှုများပြုလုပ်ခဲ့ကြသည်။
ယင်းအတွက်ကြောင့် (၁-၁)ဂိုးစီ သရေကျနေချိန်တွင် လူစားဝင်လာပြီး အနိုင်ဂိုးကို ဂါရတ်ဘေးလ်က သွင်းယူပေးခဲ့သည့် ဘရိုက်တန်အသင်းနှင့် ပွဲအပြီးတွင်မူ မော်ရင်ဟိုက မက်ဒရစ်အခြေစိုက်သတင်းစာများ၏ ဝက်ဘ်ဆိုက်များကို ပြန်လည်လှောင်ပြောင်ခဲ့ခြင်းဖြစ်ပြီး "ကျွန်တော် သူ့အတွက်အရမ်းဝမ်းသာပါတယ်။ တခြားသူတွေထက် သူ့အတွက်ပိုပြီး ဝမ်းသာတာပါ။ ဒါဟာ သူ နဲ့ ထိုက်တန်ပါတယ်။ ဒါကြောင့် ကျွန်တော် မက်ဒရစ်အခြေစိုက် ဝက်ဘ်ဆိုက်တွေကို ဝင်ပြီး သူတို့ ဘာတွေရေးမလဲလို့ ဝင်ကြည့်ဖြစ်ခဲ့ပါတယ်။ ဘေးလ်က ကျွန်တော်တို့ သူ့ကို ဂရုစိုက်တယ်ဆိုတာ သိပါတယ်။ ကျွန်တော်တို့ကလည်း သူ ကျွန်တော်တို့ကို ဂရုစိုက်တယ်ဆိုတာ သိပါတယ်။ သူက ဒီအသင်းနဲ့ ကွက်တိအံဝင်နေတဲ့ ကစားသမားပါ။ အရမ်းတည်ငြိမ်တယ်။ အရမ်း ဉာဏ်ရည်မြင့်တယ်။ ဒီအသင်းမှာ သူ ခံစားချက်ကောင်းတွေကို ရရှိနေပါတယ်"ဟု ပြောကြားသွားခဲ့သည်။
ဘေးလ်သည် ရီးယဲလ်မက်ဒရစ်တွင် (၇)နှစ် ကြာကစားခဲ့ပြီး လာလီဂါဖလား (၂)ကြိမ်နှင့် ချန်ပီယံလိဂ် ဖလား (၄)ကြိမ် ဆွတ်ခူးနိုင်ခဲ့သူဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
