ပြီးခဲ့သည့် တနင်္ဂနွေနေ့က ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ် အက်စတွန်ဗီလာ (၃-၄)ဆောက်သမ်တန်ပွဲတွင် အသင်းအတွက် ဂိုး(၂)ဂိုးကို ဖရီးကစ်မှသွင်းယူခဲ့သော ဆောက်သမ်တန်ကွင်းလယ်လူ ဝက်ဒ်ပရောက်သည် အသင်း၏ဂန္ထဝင်ကစားသမား လီတက်ဆီယာ၏ စံချိန် ကိုလိုက်မီခဲ့ကြောင်း သိရှိရသည်။
ဆောက်သမ်တန်အသင်းတွင် ၁၉၈၆ ခုနှစ်မှ ၂၀၀၂ ခုနှစ်အထိ (၁၆) နှစ်ကြာကစားသွားခဲ့သော အင်္ဂလန်ကွင်းလယ်လူဟောင်း လီတက်ဆီယာသည် အသင်းအတွက် ပရီးမီးယားလိဂ် ဖရီးကစ်ဂိုး (၇)ဂိုးသွင်းယူခဲ့ပြီး ဝက်ဒ်ပရောက်သည် ယင်းစံချိန်အား လိုက်မီခဲ့ခြင်းဖြစ်သည်။
ဝက်ဒ်ပရောက်သည် ယင်းပွဲ၏ ပွဲချိန်(၃၃)မိနစ်နှင့် (၄၅)မိနစ်တို့တွင် တိုက်ရိုက်ဖရီးကစ်ဂိုးများ သွင်းယူခဲ့ပြီး၊ သူ၏ဂိုးကန်သွင်းချက်များကို ဗီလာဂိုးသမား မာတီနက်ဇ်မှာ မကာကွယ်နိုင်ဘဲ ဂိုးများပေးခဲ့ရသည်။
ထို့ပြင် ဝက်ဒ်ပရောက်သည် ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းတွင် ပွဲတစ်ပွဲအတွင်း တိုက်ရိုက်ဖရီးကစ်ဂိုး (၂)ဂိုးသွင်းယူနိုင်သည့် (၉)ဦးမြောက် ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်းလည်း သိရှိရသည်။
ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ၂၀၁၅ အောက်တိုဘာလက စပါး - ဆွမ်ဆီးပွဲစဉ်တွင် ဖရီးကစ်မှတစ်ဆင့် (၂)ဂိုးသွင်းယူခဲ့သော ဒိန်းမတ်ကွင်းလယ်လူ အဲရစ်ဆင်၏ စွမ်းဆောင်မှုနောက်ပိုင်း ယင်းကဲ့သို့ (၂)ဂိုးသွင်းနိုင်သူမရှိဘဲ ယခုပွဲတွင် ဝက်ဒ်ပရောက်က သွင်းယူခဲ့ခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
