ချယ်လ်ဆီးနည်းပြ လမ်းပတ်က အသင်းတောင်ပံကစားသမား ပူလီဆစ်အနေဖြင့် ရန်းစ်အသင်းနှင့်ကစားမည့် ချန်ပီယံလိဂ်ပွဲစဉ်ကို လွဲချော်မည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။
အမေရိကန်တောင်ပံကစားသမား ပူလီဆစ်သည် တံကောက်ကြောဒဏ်ရာကြောင့် ၂၀၂၀-၂၁ ရာသီ ချယ်လ်ဆီးအသင်း၏ ရာသီအစပွဲစဉ် (၅)ပွဲကို လွဲချော်ခဲ့ပြီး အောက်တိုဘာ (၃)ရက်က ခရစ္စတယ်ပဲလေ့စ်အသင်းအား (၄-၀)ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင် စတင်ကစားခဲ့သည်။
ယင်းနောက် ပူလီဆစ်သည် ချယ်လ်ဆီးအသင်းအတွက် (၄)ပွဲဆက်တိုက် ပါဝင်ကစားခဲ့ပြီး ဘန်လေအသင်းနှင့်ကစားမည့် ပွဲစဉ်တွင် သွေးပူလေ့ကျင့်ခန်းပြုလုပ်နေစဉ်တွင် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
လမ်းပတ်က "ပူလီဆစ်ရဲ့ ဒဏ်ရာကို Scan ရိုက်ကြည့်ခဲ့ပါတယ်။ တံကောက်ကြောမှာ ဒဏ်ရာအသေးစား ရရှိခဲ့တာပါ။ ဒါပေမဲ့ ရန်းစ်အသင်းနဲ့ ကစားမဲ့ ပွဲကိုတော့ သူ လွဲချော်မှာပါ။ ရှက်ဖီးယူနိုက်တက်နဲ့ပွဲမှာ သူ ပါဝင်နိုင်မလားတော့ စောင့်ကြည့်ရမှာပါ။ သူဟာ ကျွန်တော်တို့အတွက် အရေးကြီးတဲ့ကစားသမားဖြစ်ပြီး အသေးစားဒဏ်ရာဖြစ်လို့ တော်ပါသေးတယ်"ဟု ပြောကြားခဲ့သည်။
အသက် (၂၂)နှစ်အရွယ်ရှိ အမေရိကန်တောင်ပံကစားသမား ပူလီဆစ်သည် ယခုရာသီတွင် ချယ်လ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံ (၅)ပွဲ ကစားထားပြီး (၁)ဂိုး သွင်းယူထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
