စင်ကာပူလက်ရွေးစင်အသင်းနည်းပြဖြစ်သူ ဂျပန်လူမျိုး ဆူမိုတိုအိုဂူရာက မြန်မာ့လက်ရွေးစင်အသင်းအပါအဝင် နိုဝင်ဘာအတွင်း ယှဉ်ပြိုင်ကစားရမည့် ခြေစမ်းပွဲနှစ်ပွဲမှာ လာမည့်အာဆီယံဖလား(မစ်ဆူဘီရှီအီလက်ထရစ်ဖလား) ပြိုင်ပွဲပြင်ဆင်မှုအတွက် လွန်စွာအရေးပါကြောင်း ထုတ်ဖော်ပြောကြားသည်။
စင်ကာပူလက်ရွေးစင်အသင်းနည်းပြ အိုဂူရာက စင်ကာပူဘောလုံးအဖွဲ့ချုပ်(FAS) မီဒီယာဌာနနှင့် တွေ့ဆုံရာတွင် ''ကျွန်တော် အသင်းကို တာဝန်ယူပြီး ငါးလလောက်က ရလဒ်တွေမကောင်းခဲ့ပါဘူး။ ဒါပေမဲ့ ဒီရလဒ်တွေအပေါ် စိတ်မပျက်သွားပဲ အသင်းကို အမြဲထောက်ခံအားပေးနေတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။ စက်တင်ဘာ၊ အောက်တိုဘာမှာ ကျွန်တော်တို့ ခြေစမ်းပွဲတွေ ကစားခဲ့ပါတယ်။ ဒါပေမဲ့ ဖီဖာအသိ အမှတ်ပြုပွဲတွေ မဟုတ်ပါဘူး။ နိုဝင်ဘာမှာ ကျွန်တော်တို့ အိမ်ကွင်းမှာ ခြေစမ်းပွဲနှစ်ပွဲ ကစားရပါမယ်။ ဒီပွဲတွေက ဖီဖာအသိအမှတ်ပြုပွဲတွေပါ။ ကျွန်တော်တို့ရဲ့ ပစ်မှတ်က အာဆီယံဖလားပြိုင်ပွဲပါ။ နိုဝင်ဘာမှာ ကစားရမယ့် ခြေစမ်းပွဲနှစ်ပွဲက အာဆီယံဖလားပြိုင်ပွဲ ပြင်ဆင်မှုအတွက် လွန်စွာအရေးပါပါတယ်။ ကျွန်တော့်ကစားသမားတွေဟာ အိမ်ကွင်းမှာ ခြေစွမ်းကောင်းတွေပြသနိုင်ဖို့ ပြင်ဆင်ထားပြီးပါပြီ''ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။
စင်ကာပူလက်ရွေးစင်အသင်းသည် လာမည့်နိုဝင်ဘာ ၁၄ ရက်၊ ဒေသစံတော်ချိန် ည ၈ နာရီ (မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲ) တွင် စင်ကာပူနိုင်ငံရှိ အမျိုးသားအားကစားကွင်း၌ မြန်မာ့လက်ရွေးစင်အသင်း နှင့် ပထမခြေစမ်းပွဲအဖြစ် ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။
စင်ကာပူဘောလုံးအဖွဲ့ချုပ်(FAS) သည် ယင်းခြေစမ်းပွဲအတွက် ကွင်းဝင်ကြေးလက်မှတ်စျေးနှုန်းကို တစ်စောင်လျှင် စင်ကာပူဒေါ်လာ ၁၂ ဒေါ်လာ သတ်မှတ်ထားပြီး သုံးစောင်ဝယ်ယူပါက ဒေါ်လာ ၄၀ သတ်မှတ်ထားကြောင်း သိရသည်။
စင်ကာပူလက်ရွေးစင်အသင်းသည် မြန်မာ့လက်ရွေးစင်အသင်း နှင့် ပွဲပြီးပါက နိုဝင်ဘာ ၁၈ ရက်တွင် တရုတ်တိုင်ပေလက်ရွေးစင်အသင်းနှင့် အိမ်ကွင်း၌ ဒုတိယခြေစမ်းပွဲအဖြစ် ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။
စင်ကာပူဘောလုံးအဖွဲ့ချုပ်(FAS) သည် နည်းပြဖြစ်သူ ဂျပန်လူမျိုး ဆူမိုတိုအိုဂူရာကို ပြီးခဲ့သည့်ဖေဖော်ဝါရီလဆန်းက စတင်ခန့်အပ်ခဲ့ပြီး မတ်နှင့် ဇွန်တွင် ယှဉ်ပြိုင်ကစားခဲ့သည့် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲများ၌ ရလဒ်များဆိုးရွားစွာဖြင့် ပြိုင်ဘက်အသင်းများကို ရှုံးနိမ့်ထားခဲ့သည်။
စင်ကာပူလက်ရွေးစင်အသင်းသည် စက်တင်ဘာနှင့် အောက်တိုဘာတွင် လေ့ကျင့်ရေးခြေစမ်းပွဲ ငါးပွဲကစားထားရာ နှစ်ပွဲနိုင်၊ သုံးပွဲရှုံးနိမ့်ထားသည်။
မြန်မာ့လက်ရွေးစင်အသင်းသည် စင်ကာပူလက်ရွေးစင်အသင်းနှင့် နောက်ဆုံးတွေ့ဆုံထားခဲ့သည့် သုံးကြိမ်တွင် တစ်ပွဲမှ အနိုင်မရရှိခဲ့ဘဲ သုံးကြိမ်စလုံး ရှုံးနိမ့်ထားသည်။
မြန်မာ့လက်ရွေးစင်အသင်းသည် ၂၀၂၀ အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲတွင်(၀-၃) ဂိုး၊ ၂၀၂၃ အာရှဖလားခြေစစ်ပွဲတွင်(၂-၆) ဂိုး၊ ၂၀၂၂ အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲတွင် (၂-၃) ဂိုးတို့ဖြင့် စင်ကာပူလက်ရွေးစင်အသင်းကို ရှုံးနိမ့်ထားခြင်းဖြစ် သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
