စပိန်ထိပ်သီး ရီးယဲလ်မက်ဒရစ်အသင်းသည် နောက်ခံကစားသမား မီလီတို ACL ဒဏ်ရာရပြီးနောက် လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် အယ်လ်နာဆာနောက်ခံကစားသမား လာပေါ့တ်အား ခေါ်ယူရန် ပစ်မှတ်ထားနေကြောင်း သိရှိရသည်။
အသက် (၂၆) နှစ်အရွယ်ရှိ ဘရာဇီးလ်နောက်ခံကစားသမား မီလီတိုသည် နိုဝင်ဘာ (၉) ရက်က ကစားခဲ့သည့် လာလီဂါပွဲစဉ် ရီးယဲလ်မက်ဒရစ် (၄-၀) အိုဆာဆူနာပွဲတွင် ACL (ဒူးအရွတ်စုတ်ပြဲ)ဒဏ်ရာရရှိခဲ့ပြီး ပွဲချိန် (၃၀)မိနစ်တွင် လူငယ်နောက်ခံကစားသမား ရာအူးလ်အဆန်စီယို နှင့် လူစားလဲခဲ့ရသည်။
မီလီတိုသည် အဆိုပါဒဏ်ရာကြောင့် (၉) လခန့် အနားယူရမည်ဖြစ်ရာ ယခုရာသီကုန်အထိ ကစားနိုင်တော့မည် မဟုတ်ပေ။
လက်ရှိ ရီးယဲလ်အသင်းနောက်တန်းတွင် အလာဘာ၊ ဗက်ဇ်ကေးတို့မှာလည်း ဒဏ်ရာပြဿနာများကြောင့် အနားယူနေရပြီး ညာနောက်ခံကစားသမား ကာဗာဟယ်လ်မှာလည်း ACL ဒဏ်ရာကြောင့် ယခုရာသီကုန်အထိ အနားယူရမည် ဖြစ်သည်။
ယခုအခါ မီလီတို ဒဏ်ရာရရှိခဲ့ခြင်းကြောင့် ရီးယဲလ်အသင်း၏ခံစစ်ပိုင်းမှာ ဒဏ်ရာပြဿနာများနှင့် ရင်ဆိုင်နေရပြီး လာမည့်ဇန်နဝါရီတွင် အသင်းခံစစ်ပိုင်းကို အင်အားဖြည့်တင်းရန် ပြင်ဆင်လာခြင်းဖြစ်သည်။
စပိန်အားကစားသတင်းစာ AS ၏ဖော်ပြချက်အရ ရီးယဲလ်အသင်းသည် ဆော်ဒီကလပ် အယ်လ်နာဆာအသင်းမှ စပိန်ဝါရင့်နောက်ခံကစားသမား လာပေါ့တ်အား လာမည့်ဇန်နဝါရီတွင် ခေါ်ယူရန် ပစ်မှတ်ထားကြောင်း သိရှိရသည်။
ရီးယဲလ်အသင်းအနေဖြင့် လက်ရှိတွင် အသင်းလက်မဲ့ဖြစ်နေသည့် အသင်းနောက်ခံကစားသမားဟောင်း ရာမို့စ်အား ခေါ်ယူသင့်ကြောင်း တိုက်တွန်းမှုများလည်း ရှိနေသည်။
သို့သော် ရီးယဲလ်အသင်းတာဝန်ရှိသူများသည် ပြီးခဲ့သည့် ၂၀၂၃-၂၄ ရာသီကုန်တွင် ဆီဗီလာအသင်းနှင့် လမ်းခွဲပြီးနောက် ပွဲကစားခြင်းမရှိသည့် ရာမို့စ်(၃၇ နှစ်) အား ခေါ်ယူလိုခြင်းမရှိဘဲ လာပေါ့တ်ကို ခေါ်ယူရန်သာ ပစ်မှတ်ထားနေခြင်းဖြစ်သည်။
လာပေါ့တ်(၃၀ နှစ်)သည် အယ်လ်နာဆာအသင်းနှင့် ၂၀၂၆ ခုနှစ်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ကြောင်း သိရှိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
