ဂွါဒီယိုလာ၏ ဘွန်ဒစ်လီဂါရမှတ်စံချိန်ကို ဘိုင်ယန်မြူးနစ်နည်းပြ ကွန်ပနီ လိုက်မီ
24htopnews | November 11, 2024 7:12 PM CST
ဘိုင်ယန်မြူးနစ်နည်းပြ ကွန်ပနီသည် ဘွန်ဒစ်လီဂါပွဲစဉ် (၁၀) အပြီးတွင် နာမည်ကျော်နည်းပြ ဂွါဒီယိုလာ၏ ဘွန်ဒစ်လီဂါရမှတ်စံချိန်ကို လိုက်မီခဲ့ကြောင်း သိရှိရသည်။
ဘိုင်ယန်မြူးနစ်သည် စနေနေ့က ကစားသည့် ဘွန်ဒစ်လီဂါအဝေးကွင်းပွဲစဉ်တွင် ဆန့်ပေါ်လီကို(၁-၀) ဂိုးဖြင့် အနိုင်ရခဲ့သည်။
ဘိုင်ယန်မြူးနစ်သည် ဘွန်ဒစ်လီဂါပွဲစဉ် (၁၀)အပြီး ရှုံးပွဲမရှိဘဲ (၈)ပွဲနိုင်၊ (၂)ပွဲသရေဖြင့် (၂၆)မှတ်ရထားသည်။
ဘွန်ဒစ်လီဂါတွင် ယင်းသို့စွမ်းဆောင်နိုင်သူမှာ ဂွါဒီယိုလာ (၂၀၁၃)နှင့် ဇီဘစ်(၁၉၆၈)တို့သာ ရှိကြောင်း သိရသည်။
ကွန်ပနီသည် ဘိုင်ယန်မြူးနစ်နည်းပြရာထူးနှင့် ထိုက်တန်မှုမရှိဟု ဝေဖန်မှုအချို့နှင့် ရင်ဆိုင်နေရသော်လည်း စံချိန်မှတ်တမ်းကောင်းတစ်ခုကို ရယူနိုင်ခဲ့ခြင်းဖြစ်သည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
