မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းသည် ၂၀၂၄ အာဆီယံအမျိုးသမီး ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲဝင်ရန် နိုဝင်ဘာ ၁၁ ရက်က ရန်ကုန်မြို့မှ ထိုင်းနိုင်ငံသို့ ထွက်ခွာသွားခဲ့ပြီဖြစ်ပြီး ပြိုင်ပွဲတွင် အိမ်ရှင်ဖိလစ်ပိုင်အမျိုးသမီးအသင်းနှင့် စတင်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းသည် ၂၀၂၄ အာဆီယံအမျိုးသမီး ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲမတိုင်မီ ထိုင်းနိုင်ငံ၌ ခြေစမ်းပွဲတစ်ပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
ထို့ကြောင့် မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းသည် ၂၀၂၄ အာဆီယံ အမျိုးသမီးဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ဖိလစ်ပိုင်နိုင်ငံသို့ မသွားရောက်မီ ထိုင်းနိုင်ငံသို့ ကြိုတင်သွားရောက်ခြင်း ဖြစ်သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်း နည်းပြချုပ်ဖြစ်သူ ဦးဌေးမြင့်သည် ၂၀၂၄ အာဆီယံအမျိုးသမီး ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲအတွက် အပြီးသတ်ကစားသမား ၁၆ ဦး ခေါ်ဆောင်သွားကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းသည် ၂၀၂၄ အာဆီယံအမျိုးသမီး ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် စက်တင်ဘာ ၃၀ ရက်မှစ၍ ပဏာမကစားသမား ၂၆ ဦးဖြင့် ဖွဲ့စည်းလေ့ကျင့်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။
နည်းပြချုပ်ဦးဌေးမြင့်သည် မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းအား ၂၀၂၄ MFF အမျိုးသမီးဖူဆယ်ဖိတ်ခေါ်ပြိုင်ပွဲ (MFF Women Futsal Invitation Cup) မှ ထူးချွန်ကစားသမားများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။
ဦးဌေးမြင့်သည် ယခင်ကလည်း မြန်မာ့လက်ရွေးစင် အမျိုးသားဖူဆယ်အသင်းနှင့် မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းတို့ကို တာဝန်ယူကိုင်တွယ်ခဲ့ဖူးသူဖြစ်သည်။
၂၀၂၄ အာဆီယံအမျိုးသမီးဖူဆယ် ချန်ပီယံရှစ်ပြိုင်ပွဲကို ဖိလစ်ပိုင်နိုင်ငံ၊ ပါဆစ်မြို့၌ နိုဝင်ဘာ ၁၆ ရက်မှ ၂၁ ရက်အထိ ကျင်းပမည်ဖြစ်သည်။
၂၀၂၄ အာဆီယံအမျိုးသမီး ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲကို အိမ်ရှင်ဖိလစ်ပိုင်၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှားအသင်းတို့ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ပထမအဆင့်အဖြစ် အုပ်စုပတ်လည် တစ်ကျော့စနစ်ဖြင့် ကျင်းပမည်ဖြစ်သည်။
အုပ်စုပတ်လည်ပွဲစဉ်များအပြီးတွင် ထိပ်ဆုံးရပ်တည်နိုင်သည့်နှစ်သင်းမှာ ဗိုလ်လုပွဲ၊ အဆင့် ၃၊ ၄ နေရာ ရပ်တည်နိုင်သည့်နှစ်သင်းမှာ တတိယနေရာလုပွဲအဖြစ် ဆက်လက်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
မြန်မာအမျိုးသမီးအသင်းသည် အုပ်စုပထမပွဲအဖြစ် နိုဝင်ဘာ ၁၆ ရက်တွင် အိမ်ရှင်ဖိလစ်ပိုင်နှင့် စတင်ကစားရမည်ဖြစ်သည်။
မြန်မာအမျိုးသမီးဖူဆယ်အသင်း
နည်းပြချုပ် - ဦးဌေးမြင့်၊ ဂိုးသမား - ချောစန္ဒီအောင်၊ သရဖီအောင်၊ ယဉ်ယဉ်မိုးနိုင်၊ ကစားသမားများ - စပ်နွယ်နီ၊ စုဝါလွင်၊ ယွန်းမီမီလွင်၊ ဖူးပွင့်ခိုင်၊ မေဇင်ဦး၊ ယမင်းသန့်ဇင်၊ ဝတ်ရည်လွင်၊ သန်းသန်းဝေ၊ ခင်ပြည့်လင်း၊ နန်းဆန်ဘရင်းမ်၊ နှင်းစန္ဒာလှိုင်၊ ယမင်းလွင်၊ လွင်လွင်သက်
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
