မန်ယူအသင်း၏နည်းပြသစ် အာမိုရင်မ်သည် စပို့တင်းလစ္စဘွန်းအသင်းမှ ကစားသမားများကို လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း မန်ယူအသင်းသို့ မခေါ်ယူရန် စပို့တင်းအသင်းတာဝန်ရှိသူများနှင့် သဘောတူညီမှုရယူထားကြောင်း Mirror က ဖော်ပြခဲ့သည်။
အာမိုရင်မ်သည် စပို့တင်းလစ္စဘွန်းအသင်းကို ရာသီကုန်အထိ ကိုင်တွယ်ရန် ဆန္ဒရှိခဲ့သော်လည်း မန်ယူအသင်း၏ ကမ်းလှမ်းမှုရရှိခဲ့သည့်အတွက် စပို့တင်းလစ္စဘွန်းနှင့် လမ်းခွဲပြီး မန်ယူအသင်းကို ပြောင်းလဲကိုင်တွယ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
၎င်းသည် စပို့တင်းလစ္စဘွန်းအသင်း အလိုရှိသည့်အတိုင်း နိုဝင်ဘာနိုင်ငံတကာရက်သတ္တပတ်မတိုင်မီအထိ အသင်းအား ကိုင်တွယ်ပေးခဲ့သလို၊ စပို့တင်းလစ္စဘွန်းအသင်းမှ ကစားသမားများကို ဇန်နဝါရီအပြောင်းအရွှေ့၌ မခေါ်ယူရန်လည်း ကတိပေးခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်တွင် စပို့တင်းလစ္စဘွန်းအသင်းမှ ဆွီဒင်တိုက်စစ်မှူး ဂျိုကယ်ရက်စ်မှာ ဥရောပထိပ်တန်းကလပ်အသင်းများစွာ၏ ပစ်မှတ်ကစားသမားဖြစ်နေပြီး မန်ယူအသင်း ချိန်ရွယ်နေသည့် တိုုက်စစ်မှူးလည်း ဖြစ်သည်။
သို့သော် အာမိုရင်မ်၏ ကတိစကားကြောင့် ဇန်နဝါရီကာလတွင် အခြားအသင်းများက လက်ဦးမှုရယူသွားနိုင်ကြောင်းလည်း Mirror က သုံးသပ်ခဲ့သည်။
သို့သော် အာမိုရင်မ်က နွေရာသီတွင် ၎င်းကို ခေါ်ယူနိုင်မည်ဟု ယုံကြည်ထားခြင်းကြောင့်ဖြစ်နိုင်သည်ဟုလည်း ဖော်ပြခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
