ပြင်သစ်ဘောလုံးအဖွဲ့ချုပ် (FFF) ဥက္ကဋ္ဌ ဖီလစ်ပီဒီယာလိုက အစ္စရေး၊ အီတလီအသင်းတို့နှင့် ကစားမည့် ပြင်သစ်အသင်းလူစာရင်းတွင် နာမည်ကျော် ရီးယဲလ်တိုက်စစ်မှူး ဘာပေ မပါဝင်ခြင်းနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့သည်။
ပြင်သစ်လက်ရွေးစင်အသင်းသည် နိုဝင်ဘာနိုင်ငံတကာရက်သတ္တပတ်တွင် အစ္စရေး၊ အီတလီအသင်းတို့နှင့် UEFA Nations League ပွဲစဉ်များ ကစားရမည်ဖြစ်သည်။
အဆိုပါပွဲစဉ်များအတွက် ပြင်သစ်အသင်းလူစာရင်းကို နည်းပြ ဒေးရွှမ့် ထုတ်ပြန်ခဲ့ရာတွင် ဘာပေ ပါဝင်ခြင်းမရှိသဖြင့် ဝေဖန်သံများ ဆူညံခဲ့ပြီး ဒေးရွှမ့်နှင့် ဘာပေတို့အကြား ဆက်ဆံရေးပြိုကွဲမှုများ ရှိနေသည်ဟုပင် မီဒီယာအချို့က ဖော်ပြခဲ့ကြသည်။
ထို့ပြင် အချို့မီဒီယာများက ရီးယဲလ်အသင်းတွင် ခြေစွမ်းမပြနိုင်သဖြင့် ဝေဖန်ခံနေရသည့် ဘာပေအနေဖြင့် ၎င်းအား မရွေးချယ်ရန် တောင်းဆိုခဲ့သည်ဟု ဖော်ပြခဲ့ကြသည်။
သို့သော် အဆိုပါသတင်းများကို FFF ဥက္ကဋ္ဌ ဒီယာလိုက ငြင်းဆန်ပယ်ချခဲ့ပြီး ဘာပေအနေဖြင့် ပြင်သစ်အတွက် ကစားရန် အသင့်ရှိနေကြောင်း ပြောကြားခဲ့သည်။
ဒီယာလိုက ''ဘာပေက အသင်းအတွက် ကစားပေးဖို့ အသင့်ရှိနေတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ သူ့အနေနဲ့ ပြင်သစ်အသင်းကို အလျင်အမြန်ပြန်လာဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ သူက ထိပ်တန်းကစားသမားဖြစ်ပြီး အခုလို အထိမခံဖြစ်နေချိန်မှာ ဒီလိုသတင်းတွေထွက်တာ မဆန်းပါဘူး။ သူ့အနေနဲ့ အကောင်းဆုံးပုံစံရပါစေလို့ ကျွန်တော်ဆုတောင်းနေပါတယ်''ဟု ဆိုခဲ့သည်။
ပြင်သစ်အသင်းသည် ယခုပွဲစဉ်များကစားပြီးပါက ၂၀၂၅ နွေမှသာ ပွဲများပြန်ကစားရမည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
