ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ပွဲစဉ်(၁၁)အပြီး၌ ဒုတိယနေရာမှပြိုင်ဘက်ကို (၅)မှတ်နှင့်အထက် ဖြတ်နိုင်သည့် အသင်းတိုင်း ရာသီကုန်တွင် ချန်ပီယံဆုရယူနိုင်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ပရီးမီးယားလိဂ်(၃၂)ရာသီအတွင်း ယင်းကဲ့သို့ စွမ်းဆောင်နိုင်သည့်ရာသီ (၅)ရာသီရှိခဲ့ပြီး ၁၉၉၃-၉၄ ရာသီတွင် မန်ယူက ဒုတိယနေရာမှ ပြိုင်ဘက်ကို (၇)မှတ်၊ ၂၀၀၅-၀၆ ရာသီတွင် ချယ်လ်ဆီးက ဒုတိယနေရာမှ ပြိုင်ဘက်ကို (၆)မှတ်၊ ၂၀၁၁-၁၂ ရာသီတွင် မန်စီးတီးက ဒုတိယနေရာမှ ပြိုင်ဘက်ကို (၅)မှတ်၊ ၂၀၁၇-၁၈ ရာသီတွင် မန်စီးတီးက ဒုတိယနေရာမှ ပြိုင်ဘက်ကို (၈)မှတ်၊ ၂၀၁၉-၂၀ ရာသီတွင် လီဗာပူးလ်က ဒုတိယနေရာမှပြိုင်ဘက်ကို (၅)မှတ်ဖြတ်နိုင်ခဲ့ခြင်းဖြစ်သည်။
လီဗာပူးလ်အသင်းသည် ယခုရာသီတွင် အသင်း၏သမိုင်းတစ်လျှောက် ဒုတိယအကြိမ်မြောက်အဖြစ် ဒုတိယနေရာမှ ပြိုင်ဘက်ကို ပွဲစဉ်(၁၁)အပြီး၌ (၅)မှတ်ဖြတ်နိုင်ခဲ့ခြင်းဖြစ်ပြီး ရာသီကုန်၌ ချန်ပီယံဆုရယူနိုင်ခြင်းရှိ၊ မရှိကိုမူ စောင့်ကြည့်ရမည်ဖြစ်သည်။
ယခုကဲ့သို့ လက်ရှိချန်ပီယံ မန်စီးတီးကို (၅)မှတ်ဖြတ်နိုင်ခဲ့သည့်အတွက် လီဗာပူးလ်အသင်း၏ ချန်ပီယံဖြစ်ရန် ရေပန်းစားမှုနှုန်းထား မြင့်တက်လာခဲ့ကြောင်းလည်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
