မန်ယူအသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က ယာယီနည်းပြ နစ္စတယ်ရွိုင်းသည် မိမိတို့ကို ယုံကြည်မှုပြန်လည်ရရှိအောင် လုပ်ဆောင်ပေးခဲ့သည်ဟု ပြောကြားခဲ့သည်။
မန်ယူအသင်းသည် ယခင်နည်းပြ တန်ဟက်ဂ်လက်ထက်တွင် ရလဒ်ဆိုးများနှင့် ရင်ဆိိုင်ခဲ့ရပြီး နစ္စတယ်ရွိုင်းကိုင်တွယ်ချိန်၌ (၃)ပွဲနိုင်၊ (၁)ပွဲသရေရလဒ် ရရှိခဲ့သည်။
ထို့ကြောင့် ဘရူနိုဖာနန်ဒက်စ်က နစ္စတယ်ရွိုင်းအား ချီးကျူးပြောကြားခဲ့သည်။
''ကျွန်တော် ဂိုးမသွင်းနိုင်တာ အချိန်အတော်ကြာခဲ့ပြီး အခုတော့ ဂိုးတွေပြန်ရလာပါပြီ။ နောက်ထပ် Clean Sheet ရလဒ်ကလည်း ကျွန်တော်တို့ရဲ့ခံတပ်ကို ပြန်ယူဆောင်ဖို့အတွက် အရေးကြီးပါတယ်။ ကျွန်တော်တို့ ဒါကို ထိန်းသိမ်းပြီး တိုး တက်အောင် လုပ်ဆောင်သွားရမှာပါ။ ရုဒ်ဗန်နစ္စတယ်ရွိုင်းက ဒီကလပ်အပေါ် ခံစားချက်ရှိပြီး ဒီကလပ်ကို ချစ်ပါတယ်။ သူက ကစားသမားတွေဆီကို ပျော်ရွှင်မှုတွေ ယူဆောင်ပေးချင်ပါတယ်။ သူက ကျွန်တော်တို့အတွက် ကောင်းသောအရာ တွေ လုပ်ဆောင်ပေးခဲ့တာကြောင့် သူ့ကို တကယ့်မန်နေဂျာတစ်ယောက်အဖြစ် ကျွန်တော်တို့ နှုတ်ဆက်စကားပြောကြားချင်ပါတယ်''ဟု ဘရူနိုဖာနန်ဒက်စ်က ပြောကြားခဲ့သည်။
နစ္စတယ်ရွိုင်းသည် လက်စတာနှင့်ပွဲတွင် ယာယီနည်းပြအဖြစ် နောက်ဆုံးဆောင်ရွက်ခြင်းဖြစ်ပြီး ပွဲအပြီးတွင် ပရိသတ်များကို လက်ပြနှုတ်ဆက်ခဲ့ကြောင်းလည်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
