Facebook Group အချို့ကို အသုံးပြု၍ မြန်မာ့ငွေစက္ကူအချို့ ဖျက်သိမ်းနိုင်ဖွယ်ရှိနေ ကြောင်း၊ ဘဏ်များပိတ်သိမ်းတော့မည်ဖြစ် ကြောင်း သတင်းမှားများ ရေးသားဖြန့်ဝေ လျက်ရှိသဖြင့် မြန်မာ့ငွေစက္ကူနှင့် ငွေကြေး ဝန်ဆောင်မှုအပေါ် ယုံကြည်စိတ်ချရန် မြန် မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထား သည်။
နိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုး တိုးတက် မှုကို မလိုလားသော၊ငွေရေးကြေးရေးနှင့် ငွေ ရေးကြေးရေး စျေးကွက်တည်ငြိမ်ရေးကို မလိုလားသောအဖျက်သမားများသည် Social Media Platform ဖြစ်သည့် Facebook Group များဖြစ်သော “အခေါက်ရွှေရောင်း သူဝယ်သူတိုက်ရိုက်” Public Group နှင့် ] Gold’ Public Group စသည်တို့မှတဆင့် Profile အတုများ ၊Lock ချထား Profile များ၊အမည်မဖော်ရဲသဖြင့် Anonymous participant အမည်များ အသုံးပြု၍ မြန်မာ့ ငွေစက္ကူအချို့ ဖျက်သိမ်းနိုင်ဖွယ်ရှိနေကြောင်း၊ အသစ်များအစားထိုးဖွယ်ရှိနေကြောင်း၊ဘဏ်များပိတ်သိမ်းတော့မည်ဖြစ်ကြောင်း စသည်ဖြင့် တည်ငြိမ်လျက်ရှိသော ငွေကြေးကဏ္ဍကို ပျက်စီးစေရန်၊ မြန်မာ့ဘဏ်လုပ်ငန်း စနစ် ကမောက်ကမဖြစ်စေရန်၊ နိုင်ငံခြားငွေများအပေါ် စျေးကစားရန်၊ ကုန်စျေးနှုန်း ကြီးမြင့်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် သတင်းတု၊ သတင်းယောင်၊ သတင်းမှားများ ရေးသားဖြန့်ဝေလျက်ရှိသည့်အပြင် အခြေအမြစ်မရှိသည့် သတင်းမှား များဖြင့်လည်း ပြည်သူလူထု ထင်ယောင်ထင်မှားဖြစ်စေရန် မကြာခဏလုပ်ကြံရေးသား လျက်ရှိကြောင်း လည်း တွေ့ရှိရသည်။
အဆိုပါကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပြည် သူလူထုအမှန်အတိုင်း သိရှိစေရန်အတွက် ဗဟိုဘဏ် Website တွင် ရှင်းလင်းဖော်ပြခဲ့ပြီးဖြစ်သည်။ မည်သည့်ဘဏ်မျှ ပိတ်သိမ်းရသည့်အခြေအနေ၊ ပိတ်သိမ်းရန်အစီအစဉ် လုံးဝမရှိသည့်အပြင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ငွေစက္ကူများဖျက်သိမ်းခြင်း၊ အသစ်ထုတ်ဝေခြင်းများကို ပြုလုပ်ရန်အစီအစဉ်မရှိကြောင်းနှင့် မြန်မာနိုင်ငံ၏ငွေရေး ကြေးရေးစနစ်တည်ငြိမ်မှုကို ပျက်ပြားစေလိုသည့်ရည်ရွယ်ချက်များဖြင့် သတင်းတု၊သတင်းယောင်၊ သတင်းမှားများရေးသားဖြန့်ဝေလျက်ရှိသော လူပုဂ္ဂိုလ်များ၊ Page/Group များ၏Admin များအား တည်ဆဲဥပဒေများနှင့်အညီ အရေးယူနိုင်ရန်အတွက် တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ရာ အများပြည်သူများအနေဖြင့် မလိုလားအပ်သည့် ဆုံးရှုံးနစ်နာမှုများမဖြစ်ပေါ်စေရေးအတွက် ပြင်ပမှဖြန့်ဝေလျက်ရှိသည့် ကောလာဟလသတင်းများအား ယုံကြည်မှုမရှိကြရန် နှင့် မြန်မာနိုင်ငံတော် ဗဟို ဘဏ်မှ တရားဝင်ထုတ်ဝေထားသည့် ငွေစက္ကူများအား ယုံကြည်စိတ်ချစွာသုံးစွဲ နိုင်ပါကြောင်း နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တရားဝင်ခွင့်ပြုချက် လိုင်စင်ရရှိထားသည့် ဘဏ်များ၊ ငွေရေးကြေးရေးအဖွဲ့အစည်း များထံတွင် ငွေကြေးနှင့်ပတ်သက်သော ဝန် ဆောင်မှုများဖြစ်သည့် ငွေအပ်နှံခြင်း၊ ငွေလွှဲ ပြောင်း/လက်ခံခြင်းစသည့်ငွေကြေးဝန် ဆောင်မှုများအား ယုံကြည်စိတ်ချစွာရယူ နိုင်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
