ထိုင်းနိုင်ငံအတွင်း တရားမဝင်အလုပ်သမားဖမ်းဆီးရေးကို သက်ဆိုင်ရာတာဝန်ရှိသူများက နိုဝင်ဘာ ၇ ရက်တွင် ထပ်မံဆောင်ရွက်ခဲ့ရာ မြန်မာလုပ်သားများအပါအဝင် တရားမဝင်အလုပ်သမား ၂၈၇ ဦး ဖမ်းဆီးခံရကြောင်း သိရသည်။
ထိုင်းနိုင်ငံမှ သက်ဆိုင်ရာတာဝန်ရှိအဖွဲ့များသည် ရွှေ့ပြောင်းလုပ်သားအများအပြားနေထိုင်သည့် ခရိုင်၂၅ ခရိုင်ရှိနယ်မြေ ၃၀ ကို အဓိကထားပြီး ဝင်ရောက်စစ်ဆေးမှုများပြုလုပ်ရာမှ ထိုသို့ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု ထိုင်းနိုင်ငံဘက်က လာသောသတင်းများအရ သိရသည်။
တရားမဝင်အလုပ်သမားအဖြစ်ဖမ်းဆီးခံရေသာ အလုပ်သမားများတွင် မြန်မာအလုပ်သမား ၁၆၁ ဦး ၊ ကမ္ဘောဒီယား အလုပ်သမား ၇၅ ဦး နှင့်လာအိုအလုပ်သမား နှစ်ဦးပါဝင်ကြောင်း သိရသည်။
ထို့အပြင် လူဝင်မှုကြီးကြပ်ရေးဥပဒေအရ ပြစ်မှုကျူးလွန်သူ ထိုင်းလူမျိုး ၄၉ ဦး တို့ကို စစ်ဆေး တွေ့ရှိကြောင်းသိရှိရသည်ဟု ထိုင်းသတင်းကဆိုသည်။
သက်ဆိုင်ရာ ထိုင်းတာဝန်ရှိသူများအနေဖြင့် ဖမ်းဆီးရမိသည့် တရားမဝင်လုပ်သားများကို ဥပဒေအရဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်းသိရသည်။
ထို့အပြင် ထိုင်းနိုင်ငံအတွင်း တရားမဝင်အလုပ်သမားဖမ်းဆီးရေးရက် ၁၂၀ စီမံချက်အဖြစ် ဇွန် ၅ ရက်မှ အောက်တိုဘာ ၂ ရက်နေ့ထိ ဖမ်းဆီးခဲ့ရာ တရားမဝင်မြန်မာနိုင်သားအလုပ်သမား၂၀၉၄၃၅ ဦး ဖမ်းဆီးခံခဲ့သလိုကမ္ဘောဒီးယားနိုင်ငံသားအလုပ်သမား ၄၂,၇၆၆ ဦး ၊ လာအို နိုင်ငံသား အလုပ်သမား ၁၆,၄၈၁ ဦး ၊ ဗီယက်နမ်နိုင်ငံသား အလုပ်သမား ၁၈၁ ဦး နှင့် အခြားနိုင်ငံသားအလုပ်သမား ၈,၉၀၇ ဦးဖမ်းဆီးခံခဲ့ရေကြာင်းသိရသည်။
■Ref: LTH
■Photo: LTH
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
