လီဗာပူးလ်အသင်းအနေဖြင့် ဇယားထိပ်ဆုံးမှ ငါးမှတ်ဖြတ်ဦးဆောင်ထားပြီးနောက် ချန်ပီယံဖြစ်နိုင်ခြေ ၅၉ ဒသမ ၃ ရာခိုင်နှုန်းဖြင့် ရေပန်းအစားဆုံးဖြစ်လာကြောင်း Opta ၏ စူပါကွန်ပျူတာက ခန့်မှန်းထုတ်ပြန်ထားသည်။
နိုဝင်ဘာနိုင်ငံတကာရက်သတ္တပတ်မတိုင်မီ ပရီးမီးယားလိဂ် ပွဲစဉ် ၁၁ ယှဉ်ပြိုင်ကစားအပြီးတွင် လီဗာပူးလ်အသင်းက ၂၈ မှတ်ဖြင့် ဦးဆောင်နေပြီး နောက်ဆုံးလေးနှစ်ဆက်ချန်ပီယံ မန်စီးတီးအသင်းကို ငါးမှတ် ဖြတ်ထားနိုင်ပြီဖြစ်သည်။
လီဗာပူးလ်အသင်းသည် နည်းပြသစ် အာနယ်ဆလော့လက်ထက်တွင် အကောင်းဆုံးပုံစံရရှိနေပြီး ကိုးပွဲနိုင်၊ တစ်ပွဲသရေ၊ တစ်ပွဲသာ ရှုံးနိမ့်ထားသလို ၂၁ ဂိုးသွင်းယူကာ ခြောက်ဂိုးသာ ပြန်လည်ခွင့်ပြုထားရသည်။
ထို့ကြောင့် Opta ၏ စူပါကွန်ပျူတာက ရာသီကြိုကာလ ချန်ပီယံဖြစ်နိုင်ခြေရာခိုင်နှုန်းနှင့် ပွဲစဉ် ၁၁ အပြီး ချန်ပီယံဖြစ်နိုင်ခြေ ရာခိုင်နှုန်းကို နှိုင်းယှဉ်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
၂၀၂၄-၂၀၂၅ ရာသီ မစတင်မီ မန်စီးတီးအသင်းက ချန်ပီယံဖြစ်နိုင်ခြေ ၈၂ ဒသမ ၂ ရာခိုင်နှုန်းဖြင့် ငါးနှစ်ဆက်ဗိုလ်စွဲရန် ရေပန်းအစားဆုံး သတ်မှတ်ခံထားရပြီး အာဆင်နယ်အသင်းက ၁၂ ဒသမ ၂ ရာခိုင်နှုန်းဖြင့် ဒုတိယ၊ လီဗာပူးလ်အသင်းက ၅ ဒသမ ၁ ရာခိုင်နှုန်းဖြင့် တတိယနေရာသာ သတ်မှတ်ခံခဲ့ရသည်။
သို့သော် ပွဲစဉ် ၁၁ အပြီးတွင် လီဗာပူးလ်အသင်းက ချန်ပီယံဖြစ်နိုင်ခြေ ၅၉ ဒသမ ၃ ရာခိုင်နှုန်းဖြင့် ရေပန်းအစားဆုံး ဖြစ်လာပြီး မန်စီးတီးအသင်းက ၃၆ ဒသမ ၂ ရာခိုင်နှုန်းဖြင့် ဒုတိယ၊ အာဆင်နယ်အသင်းက ၄ ဒသမ ၁ ရာခိုင်နှုန်းဖြင့် တတိယနေရာသို့ ရောက်ရှိသွားကြောင်း သိရသည်။
သို့ဖြစ်ရာ လီဗာပူးလ်အသင်း၏ ချန်ပီယံဖြစ်နိုင်ခြေမှာ ရာသီမစတင်မီအချိန်နှင့် နှိုင်းယှဉ်ပါက ၅၄ ဒသမ ၂ ရာခိုင်နှုန်းအထိ မြင့်တက်လာခြင်းဖြစ်သည်။
ရှုံးပွဲဆက်နေသည့် မန်စီးတီးအသင်းမှာမူ ချန်ပီယံဖြစ်နိုင်ခြေ ၄၆ ရာခိုင်နှုန်းကျဆင်းသွားပြီး အာဆင်နယ်အသင်းမှာလည်း ၈ ဒသမ ၁ ရာခိုင်နှုန်းကျဆင်းသွားသည်။
နာမည်ကြီး လောင်းကစားကုမ္ပဏီများ၏ အလေးပေးမှုစာရင်းတွင်လည်း လီဗာပူးလ်အသင်းက ၆း၅ ဖြင့် ရေပန်းအစားဆုံးဖြစ်လာပြီး မန်စီးတီးအသင်းက ၂း၁၊ အာဆင်နယ်အသင်းက ၄း၁၊ ချယ်လ်ဆီးအသင်းက ၂ဝး၁၊ စပါးအသင်းက ၆၆း၁ သတ်မှတ်ခံထားရသည်။
နိုင်ငံတကာရက်သတ္တပတ်ပြီးနောက် ပရီးမီးယားလိဂ် ပွဲစဉ် ၁၂ ကို နိုဝင်ဘာ ၂၃၊ ၂၄၊ ၂၅ ရက်တွင် ပြန်လည်ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
