ကရင်ပြည်နယ် ဒေါနတောင်တန်း ဒေါနတာင်ကျော် ကြက်ဥတောင်လမ်းအနီးတောင် ထန်းတောင်တန်းရှိ စကြာရတနာလိုဏ်ဂူတော်ကြီးတွင် ၀ါတွင်းကာလရက်ပေါင်း ၁၁၀ ကြာ တရားအားထုတ်ခဲ့သော သစ်တံခါးဆရာတော်၏ အဓိဋ္ဌာန်အောင်အလှူတော်ပွဲကို နိုဝင်ဘာ ၁၀ ရက်က ကျင်းပခဲ့ရာ ဆရာတော် ကြီးအား ပရိသတ်ထောင်နှင့်ချီတက်ရောက် ကြည်ညိုခဲ့ကြကြောင်း သိရသည်။
သစ်တံခါးဆရာတော်သည် ဂူအတွင်း၌ ရေမချိုး၊ မြေမနင်း၊ စကားမပြောဘဲရက်ပေါင်း ၁၁၀ ပြည့်သည်အထိ တရားကျင့်ကြံခဲ့ရာ အဓိဋ္ဌာန်အောင်ပွဲနေ့ နိုဝင်ဘာ ၁၀ ရက်၌ ဆရာတော်အား ဖူးမြော်ရန် မြဝတီ၊ ရန်ကုန်၊ မုံရွာနှင့် မြန်မာပြည်တွင်းမှ တပည့်၊ ဒကာဓမ္မမိတ်ဆွေ ၂၀၀၀ ခန့် လာရောက်ကြည်ညိုခဲ့ကြသည်။
ဆရာတော်သည် မြဝတီမြို့နယ်သစ်က တေကျေးရွာအနီး ဒေါနတောင်တန်းတွင် ၀ါ တွင်းကာလရက်ရှည်အဓိဋ္ဌာန် တရားကျင့်ကြံသည်မှာ သုံးနှစ်ရှိပြီဖြစ်ကာ သစ်တံခါးဆရာတော်၏ မြန်ပြည်အနှံ့ လိုဏ်ဂူတော်ထွက်ပွဲ အလှူတော်မှာ ၂၁ ကြိမ်မြောက်ရှိပြီဖြစ်သည်ဟု သိရသည်။
ဒေါနတောင်တန်းပေါ်၌ကျင်းပသော ဆရာတော်၏အလှူပွဲတွင် ပစ္စည်းလေးပါးပင်မ အလှူရှင်မှာ(ဘုရား ကျောင်း သိမ် ရဟန်း လမ်း တံတား) ဒါယကာ ဒါယိကာမများဖြစ်ကြသော စောတင်ဝင်း၊ ဇနီးနန်းမြင့်မြင့်ဝင်းတို့ မိသားစုနှင့် ခုနစ်ရက်သားသမီးအလှူရှင်များဖြစ်ကြောင်း သိရသည်။
သစ်တံခါးဆရာတော် တရားအားထုတ်နေသည့် တောင်တန်းပေါ်တွင် သာသနိကအဆောက်အအုံများအပြင် ဆံတော်ရှင်ရွှေတိဂုံ ပုံတူစေတီတော်၊ ဆံတော်ရှင်ကျိုက်ထီးရိုးပုံတူ စေတီတော်တို့ကိုလည်း တည်ထားကိုးကွယ် ထားရှိကြောင်း သိရသည်။
အဆိုပါ အလှူတော်သို့ မဲပလဲ့ကျေးနယ်အပါအဝင် ကျေးနယ်ခုနစ်ခုရှိ ကျေးရွာ ၂၇ ရွာမှ ကရင်တိုင်းရင်းသားများ၊ မြဝတီ၊ ကရင်ပြည်နည်နှင့် ရန်ကုန်တိုင်းတို့မှ အများဆုံးလာ ရောက်ကြည်ညိုခဲ့ကြကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
