ရန်ကုန် တိရစ္ဆာန်ဥယျာဉ်တွင် တိရစ္ဆာန်မျိုးကွဲ ၁၃၆ မျိုး ၊ အကောင်ရေ ၁၅၀၀ နီးပါးရှိပြီး တစ်လကုန်ကျစရိတ် ကျပ်သိန်း ၃၀၀ ကျော်ရှိကြောင်း ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၏ စီမံမန်နေဂျာ ကိုမျိုးကျော်သူက ဆိုသည်။
ယင်းကြောင့် တစ်ရက်လျှင် ၁၁ သိန်း ကျော်ကုန်ကျလျက်ရှိပြီး တိရစ္ဆာန်များ၏ အစားအစာအတွက် တင်ဒါစနစ်ဖြင့်ခေါ်ယူကြောင်း၊ အစားအစာစံနှုန်းများ၊ ကျွေးရသည့်ပမာဏများကို အာဆီယံ Zoo များတွင် သတ်မှတ်ထားသည့်စံနှုန်းဖြင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
“ စုစုပေါင်းခု တိရစ္ဆာန်ဥယျာဉ်မှာ ပြသထားတဲ့တိရစ္ဆာန် မျိုးကွဲ ၁၃၆ မျိုးရှိတယ်။ အကောင်ရေစုစုပေါင်း ၁၅၀၀ နီးပါးရှိပါတယ်။ တစ်ရက်စာ ကုန်ကျစရိတ်အနေနဲ့က တစ်ရက်ကို ၁၁ သိန်းကျော် ကုန်ကျပါတယ်။ တစ်လဆိုရင်တော့ ၃၀၀ ကျော်ပေါ့။ တိရစ္ဆာန် ဒီမှာမွေးထားတဲ့စနစ်အရ အစားအစာတွေကို တစ်နှစ်စာ တင်ဒါစနစ်နဲ့ ခေါ်ယူပါတယ်။ ပြင်ပလုပ်ငန်းရှင်တွေက တင်သွင်းတာပေါ့နော်။ အရည်အသွေး စစ်မယ်။ ပမာဏစစ်မယ်ပေါ့။ ဒီပုံစံနဲ့ကျွေးမွေးပါတယ်။ အစားအစာစံနှုန်းတွေ၊ ကျွေးရတဲ့ ပမာဏတွေ အရည်အသွေးတွေ အကုန်လုံးကိုသက်ဆိုင်ရာ ဝန်ကြီးဌာနတွေ၊ တခြားအာဆီယံ Zoo တွေမှာ သတ်မှတ်တဲ့ စံနှုန်းတွေအတိုင်း စစ်ဆေးပါတယ်” ဟု ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၏ စီမံမန်နေဂျာ ကိုမျိုးကျော်သူက ဆိုသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
