ရီးယဲလ်နည်းပြ ဇီဒန်းသည် ယခုရာသီကုန်ဆုံးချိန်တွင် အသင်းနှင့်လမ်းခွဲရန် ဆုံးဖြတ်ထားပြီးဖြစ်သည်ဟု စပိန်သတင်းစာ Marca က ဖော်ပြခဲ့သည်။
ဇီဒန်းသည် ရီးယဲလ်အသင်းအတွက် အောင်မြင်မှုများစွာ ရယူပေးထားနိုင်သူဖြစ်သော်လည်း ယခုရာသီတွင် ရလဒ်ဆိုးများနှင့် ရင်ဆိုင်နေရသည့်အတွက် ရာထူးမှ ထုတ်ပယ်ခံရတော့မည်ဟု ထင်ကြေးပေးမှုများ မကြာခဏ ထွက်ပေါ်လျက်ရှိသည်။
ရီးယဲလ်အသင်းအနေဖြင့် ယခုရာသီ စပိန်စူပါဖလားနှင့် စပိန်ဘုရင့်ဖလား ပြိုင်ပွဲများတွင် အရေးနိမ့်ခဲ့ရသလို၊ လာလီဂါပြိုင်ပွဲတွင်လည်း လက်ရှိချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ရန် အလားအလာအလွန်နည်းပါးနေပြီဖြစ်သည်။
ထို့ကြောင့် ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ခြင်းမရှိခဲ့ပါက ရာထူးမှ ထုတ်ပယ်ခံရရန် သေချာနေပြီဖြစ်ကြောင်း စပိန်သတင်းစာတစ်စောင်ပင်ဖြစ်သည့် AS က ဖော်ပြခဲ့သည်။
သို့သော် Marca ကမူ မည်သည့်အောင်မြင်မှုပင် ရရှိစေကာမူ ဇီဒန်းသည် ရာသီကုန်ဆုံးချိန်၌ ရီးယဲလ်အသင်းနှင့်လမ်းခွဲရန် ဆုံးဖြတ်ထားပြီးဖြစ်သည်ဟု ဖော်ပြခဲ့ခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
