ရော့ဗိုက်အက်ဆန် - လေဗာကူဆင် (အင်္ဂါည ၁၂း၀၀ နာရီ)
ရော့ဗိုက်အက်ဆန်အသင်းက စတုတ္ထတန်းအဆင့်သာ ရှိတဲ့ Regionalliga ရဲ့ West ဇုန်မှာ ကစားနေတဲ့အသင်းပါ။ လေဗာကူဆင်ကတော့ လတ်တလောရလဒ်တွေ ကျဆင်းနေပေမဲ့ အခုရာသီ ဂျာမန်ဖလားပွဲတွေမှာ အားသွန်ခွန်စိုက် ကစားနေပါ တယ်။ လေဗာကူဆင်ဘက်ကပဲ ရပ်တည်တာပိုကောင်းမယ်။
ဟော်စတိုင်ကီလ် - ဒမ်းစတက်ဒ် (အင်္ဂါည ၁၂း၀၀ နာရီ)
ဟော်စတိုင်ကီက ပြီးခဲ့တဲ့အဆင့်မှာ ဘိုင်ယန်မြူးနစ်ကို ကျော်ဖြတ်ခဲ့တဲ့အသင်းပါ။ မကြာသေးခင်က အမှတ်ပေးပွဲတွေ့ ဆုံမှုမှာလည်း ဒမ်းစတက်ဒ်ကွင်းမှာ ဟော်စတိုင်ကီလ် အနိုင်ယူ ထားပါတယ်။ ဟော်စတိုင်ကီလ်ကိုပဲ ကြိုက်တယ်။
ဒေါ့မွန် - ပါဒါဘွန်း (ဗုဒ္ဓဟူးနံနက် ၂း၁၅ နာရီ)
ဒေါ့မွန်အသင်းက နိုင်ပွဲပျောက်ဆုံးမှုကို နောက်ဆုံးပွဲမှာ ရပ်တန့်ထားနိုင်ပေမဲ့ ပုံမှန်အနေအထားတော့ မရောက်သေးပါ ဘူး။ ဒဏ်ရာကပြန်လာတဲ့ ဟော်လန်းကလည်း ခြေစွမ်းအတက် အကျ များနေတယ်။ ဒါပေမဲ့ ဒေါ့မွန်တို့ ဂျာမန်ဖလားပွဲ အစော ပိုင်းအဆင့်တွေမှာတောင် ဖိဖိစီးစီးကစားလာခဲ့လို့ အခုပွဲလည်း အာရုံစိုက်မှာ သေချာပါတယ်။ ပါဒါဘွန်းက အူန်ယွန်းဘာလင် ကို ကျော်ဖြတ်လာပေမဲ့ ဘွန်ဒစ်လီဂါ-၂ မှာတောင် အလယ်အ လတ်အဆင့်ပဲ ရှိပါတယ်။ ဒေါ့မွန်ကိုပဲ ကြိုက်တယ်။
ဝါဒါဘရီမင် - ဂရိုင်သာဖက်သ် (ဗုဒ္ဓဟူးနံနက် ၂း၁၅ နာရီ)
ဝါဒါဘရီမင်ရဲ့ အခုရာသီရလဒ်ပိုင်းက ပြီးခဲ့တဲ့နှစ်တွေနဲ့ ယှဉ်ရင် အတော်လေးတည်ငြိမ်နေတာ တွေ့ရတယ်။ ဒါ့အပြင် ဘွန်ဒစ်လီဂါမှာလည်း ဇယားအလယ်နားရောက်နေလို့ ဖိအား သိပ်မရှိတာက ဂျာမန်ဖလားကို ပိုအာရုံစိုက်ကစားနိုင်တယ်။ ဝါဒါဘရီမင် အနိုင်သေချာပါတယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
