လာလီဂါထိပ်သီးကလပ် ဘာစီလိုနာအသင်းသည် အသင်းခေါင်းဆောင် မက်ဆီနှင့် ချုပ်ဆိုထားသည့် ယူရို ၅၅၅ သန်းတန် စာချုပ်အကြောင်း ဖွင့်ချခဲ့သော စပိန်အခြေစိုက် El Mundo သတင်းစာကို တရားစွဲဆို သွားမည်ဖြစ်ကြောင်း တနင်္ဂနွေနေ့တွင် ထုတ် ပြန်ကြေညာခဲ့သည်။
တရားစွဲဆိုခြင်းမှာ El Mundo က ဖော်ပြခဲ့သည့် စာချုပ်ကိစ္စကို မှန်ကန်သည်ဟု ရည်ရွယ်ခြင်းမဟုတ်ဘဲ ယင်းဖော်ပြမှုနှင့် ပတ်သက်၍ မိမိတို့အသင်းအနေဖြင့် မည် သည့်တာဝန်မှ မယူနိုင်ကြောင်းကိုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဘာစီ လိုနာအသင်းနှင့် မက်ဆီသည် ၂၀၁၇ ခုနှစ် နိုဝင်ဘာတွင် လေးနှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ပြီး စာချုပ်တန်ဖိုးမှာ အတိအကျဆိုလျှင် ယူရို ၅၅၅ç၂၃၇ç၆၁၉ အထိရှိ ကြောင်း El Mundo သတင်းစာက စနေနေ့ ညပိုင်းတွင် ဖော်ပြခဲ့သည်။
ယင်းအဓိပ္ပာယ်မှာ မက်ဆီသည် တစ်ရာသီလျှင် ယူရို ၁၃၈ သန်း သန်းအထိရရှိနေပြီး ဘာစီလိုနာအသင်း၏ ငွေကြေးအကျပ်အတည်းနှင့် ကြွေးမြီကိစ္စများ မှာ ၎င်းင်းအား ပေးချေနေရသည့် လစာကြောင့် ဖြစ်ကြောင်း El Mundo က ဖော်ပြခဲ့သည်။
မက်ဆီရရှိနေသည့်ငွေကြေးပမာဏမှာ လစာတစ်ခုတည်းမဟုတ်ဘဲ ပုံရိပ်အသုံးပြုခမူပိုင်ခွင့်၊ သစ္စာစောင့်သိကြေးကဲ့သို့ ဝင်ငွေများလည်း ပါဝင်နေပြီး ယင်းစာချုပ်တွင် သုံးနှစ် ကစားပြီးပါက ၂၀၂၀ ဇွန် ၃၀ ရက်မတိုင်မီ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာခွင့်ပြုရန် မက်ဆီက တောင်းဆိုခွင့်ရှိသည့်အချက် ထည့်သွင်းထားကြောင်း သိရသည်။
ယင်းအခြေအနေနှင့်ပတ်သက်၍ ဘာစီလိုနာအသင်းက ''ဘာစီလိုနာအသင်းအနေနဲ့ El Mundo က ဖော်ပြခဲ့တဲ့ အချက်အလက်တွေနဲ့ပတ်သက်ပြီး ဘာတာဝန်မှယူနိုင်မှာ မဟုတ်ပါဘူး။ ဒါ့အပြင် ဒီဖွင့်ချကြေညာမှုကနေ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်စေတဲ့အတွက် El Mundoသတင်းစာကို တရားဥပဒေအရ အရေးယူနိုင်အောင် စီစဉ်သွားမှာပါ။ ဘာစီလိုနာအသင်းအနေနဲ့ ဒီဖြစ်ရပ်မှာပါဝင်နေတဲ့ မက်ဆီဘက်ကနေ အပြည့်အဝထောက်ခံပေးသွားမှာဖြစ်ပြီး သူ့အပေါ် ကျရောက်လာနိုင်တဲ့ အထင်လွဲမှားမှုတွေကို ကာကွယ်သွားပါမယ်။ သူဟာ ဘာစီလိုနာအသင်းအတွက် နှစ်ပေါင်းများစွာ ကစားပေးရင်း ကမ္ဘာ့အကောင်းဆုံးနဲ့ ထာဝရအကောင်းဆုံးဖြစ်လာတဲ့အထိ အလုပ်လုပ်ပေးခဲ့တဲ့ ဆက်ဆံရေးကိုလည်း အပျက်စီးခံမှာ မဟုတ်ပါဘူး။ ဒီထုတ်ပြန်မှုအတွက် El Mundo က နောင်တရနေရပါလိမ့်မယ်''ဟု ထုတ်ပြန်ကြေညာခဲ့သည်။
မက်ဆီသည် တနင်္ဂနွေနေ့က ဘီလ်ဘာအိုအသင်းနှင့်ပွဲတွင် ပြစ်ဒဏ်ဘောမှ တစ်ဂိုးသွင်းယူခဲ့ပြီး ဘာစီလိုနာကစားသမားဘဝ ဂိုး ၆၅၀ ပြည့်မြောက်ခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
