လီဗာပူးလ်အသင်း၏ တိုက်စစ်ကြယ်ပွင့်ကစားသမား ဆာလာသည် ဂန္ထဝင်တိုက်စစ်မှူး အီယန်ရပ်ရှ်နောက်ပိုင်း လေးရာသီဆက်တိုက် ပြိုင်ပွဲစုံ ဂိုး ၂၀ နှင့်အထက် သွင်းယူနိုင်သည့် ပထမဆုံးလီဗာပူးလ်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။
အီဂျစ်လက်ရွေးစင်ကစားသမား ဆာလာသည် တနင်္ဂနွေနေ့က ဝက်စ်ဟမ်းအသင်းအား အဝေးကွင်း၌ (၁-၃) ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင် နှစ်ဂိုးသွင်းယူခဲ့ပြီး ၅၇ မိနစ်တွင် အဖွင့်ဂိုးနှင့် ၆၈ မိနစ်တွင် ဒုတိယဂိုးသွင်းယူခဲ့ခြင်းဖြစ်သည်။
အာဖရိကအကောင်းဆုံးဘောလုံးသမားဆု နှစ်ကြိမ်ရရှိထားသည့် ဆာလာသည် ခြောက်ပွဲဆက် ဂိုးပေါက်ပျောက်ဆုံးနေမှုကို ဝက်စ်ဟမ်းအသင်းနှင့်ပွဲတွင် အဆုံးသတ်နိုင် ခဲ့ပြီးနောက် ယင်းမှတ်တမ်းကိုပါ ပိုင်ဆိုင်ခဲ့ခြင်းဖြစ်သည်။
အီယန်ရပ်ရှ်သည် လီဗာပူးလ်အသင်းအတွက် ၁၉၈၁-၁၉၈၂ မှ ၁၉၈၆-၁၉၈၇ ရာသီအထိ ခြောက်ရာသီဆက်တိုက် အနိမ့်ဆုံး တစ်ရာသီလျှင် ဂိုး ၂၀ နှင့်အထက် သွင်းယူခဲ့ခြင်းဖြစ်ပြီး ဆာလာအနေဖြင့် လေးရာသီအထိရှိလာပြီဖြစ်သည်။
ဆာလာသည် ၂၀၁၆ ခုနှစ်တွင် ရိုးမားအသင်းမှ လီဗာပူးလ်အသင်းသို့ ပြောင်းရွှေ့လာခြင်းဖြစ်ပြီး စတင်ရောက်ရှိသည့် ရာသီကတည်းက ယခုအချိန်အထိ အနိမ့်ဆုံးတစ်ရာသီလျှင် ဂိုး ၂၀ အထိ သွင်းယူထားနိုင်ခြင်းဖြစ်သည်။
ဆာလာသည် ယင်းပွဲတွင် နှစ်ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ဝက်စ်ဟမ်းအသင်းနှင့်တွေ့ဆုံသည့်ပွဲများတွင် သွင်းယူထားသည့် ဂိုးအရေအတွက် စုစုပေါင်းမှာ ကိုးဂိုးအထိရှိလာပြီဖြစ် ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
