PSG ကြယ်ပွင့် နေမာသည် မိမိအနေဖြင့် အသင်းတွင် ပျော်ရွှင်နေသောကြောင့် ဆက်နေရန်ဆန္ဒရှိကြောင်း ပြောကြားခဲ့ပြီး အသင်းဖော်တိုက်စစ်မှူး ဘာပေကိုလည်း အသင်း၌ ဆက်နေရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
စာချုပ်သက်တမ်း တစ်နှစ်ခွဲခန့် သာကျန်ရှိသော နေမာအနေဖြင့် အသင်းပြောင်းရွှေ့မည့်သတင်းများ ထွက်ပေါ်နေရာ နေမာက ၎င်းအနေဖြင့် အသင်းတွင် ပျော်ရွှင်နေပြီး ဆက်လက်ကစားသွားလိုသည်ဟု TF1 ရုပ်သံသို့ ပြောကြားခဲ့သည်။
နေမာက "ကျွန်တော် ဒီနေ့ ပျော်နေတယ်။ တကယ်ကို ပျော်နေပါတယ်။ အရာအားလုံးက ခပ်မြန်မြန်ပဲ ပြောင်းလဲနေပါတယ်။ ကျွန်တော် ဘာကြောင့်ပျော်သလဲဆိုတာကို မပြောပြနိုင်ပေမဲ့ ဒီနေ့တော့ ကျွန်တော် ပျော်နေတာအမှန်ပါပဲ။ ကျွန်တော်က လိုက်လျောညီထွေဖြစ်အောင် နေတတ်နေပြီ။ ပိုပြီးတည်ငြိမ်လာတယ်။ ပိုပြီးပျော်ရွှင်လာတယ်။ ကျွန်တော် PSG မှာ ဆက်နေချင်ပါတယ်"ဟု ပြောကြားခဲ့သည်။
ထို့ပြင် နေမာသည် ၎င်းနည်းတူ အသင်းမှထွက်ခွာရန် သတင်းပြေးနေသော အသင်းဖော်ကြယ်ပွင့်ကစားသမား ဘာပေကိုလည်း PSG အသင်းတွင် ဆက်လက်ကစားရန် တိုက်တွန်းခဲ့သည်။
နေမာက "ကျွန်တော် ဘာပေနဲ့လည်း ဆက်ပြီးတွဲကစားချင်သေး တယ်။ PSG အသင်းကို ထိပ်တန်းဖြစ်လာစေချင်တယ်။ ဘာပေနဲ့က ညီအစ်ကိုတွေလို ဆက်ဆံရေးပါ။ ကျွန်တော်ကတော့ အကြီးပေါ့။ ကျွန်တော်တို့ဟာ တကယ်ပဲ အတူတကွ ကစားလိုကြပါတယ်။ သူ့ဆီကလည်း အကောင်းဆုံးတွေ မျှော်လင့်တယ်။ ကျွန်တော် သူ့ကို ရွှေရောင်ကောင်လေးလို့ခေါ်တယ်။ ဘာလို့လဲဆိုတော့ သူ့မှာ တကယ်ပဲ ရွှေရောင်ခြေစွမ်းရှိလို့ပါ။ သူ့မှာ နှလုံးသားကောင်းလည်းရှိပါတယ်" ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
