ဘော်ဒိုး - လိုင်လီ (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၄ ရက် နံနက် ၀၀:၃၀ နာရီ)
နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ ရှုံးနိမ့်ခဲ့ပေမဲ့ ဘော်ဒိုးရဲ့ အိမ်ကွင်းခြေစွမ်းက လိုင်လီအတွက် အခက်အခဲဖြစ်စေဦးမှာပါ။ ချန်ပီယံပြေးလမ်းက မထွက်သွားရဖို့ လိုင်လီအမှတ်ရဖို့ ကြိုးစားမှာ သေချာပါတယ်။ သရေဆိုတာ မျှတတဲ့ရလဒ်ပါ။
မက်ဇ် - မောင့်ပယ်လီယာ (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၄ ရက် နံနက် ၀၀:၃၀ နာရီ)
မက်ဇ်က ဥရောပဝင်ခွင့်တစ်နေရာကို မျှော်လင့်နိုင်နေပြီး အိမ်ကွင်းလည်းဖြစ်လို့ အခွင့်အရေးရအောင်ယူဖို့ရှိနေတယ်။ မောင့်ပယ်လီယာကတော့ ဖိအားမရှိသလို လက်ရှိမှာရလဒ်တွေ ဆက်တိုက်ဆိုးနေတယ်။ မက်ဇ်နဲ့ပဲ ရပ်တည်ချင်တယ်။
Reims - အန်ဂါစ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၄ ရက် နံနက် ၀၀:၃၀ နာရီ)
နောက်ပိုင်းပွဲတွေမှာ Reims တို့ တည်ငြိမ်မှုရနေသလို အမှတ်တွေလည်း ပြန်စုလာနိုင်တယ်။ အန်ဂါစ်က ဥရောပဝင်ခွင့်မျှော်လင့်ချက်ရှိပေမဲ့ ခြေစွမ်းမငြိမ်ပါဘူး။ အခုပွဲလည်း အိမ်ကွင်းကစားအားကောင်းတဲ့ Reims တို့ ရလဒ်ကောင်းလိမ့်မယ်။
ရန်းစ် - လော်ရီယန့် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၄ ရက် နံနက် ၀၀:၃၀ နာရီ)
ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာကို မျှော်လင့်နေတယ်ဆိုရင်တော့ အခုလိုအိမ်ကွင်းပွဲတွေက ရန်းစ်အတွက် အခွင့်အရေးပါပဲ။ လော်ရီယန့်တို့ တန်းဆင်းဇုန်က ရုန်းထွက်ဖို့ကြိုးစားလာနိုင်ပေမဲ့ အိမ်ကွင်းအားကောင်းတဲ့ ရန်းစ်ကိုပဲ ကြိုက်တယ်။
စထရာဘိုး - ဘရက်စ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၄ ရက် နံနက် ၀၀:၃၀ နာရီ)
နောက်ဆုံး (၄)ပွဲဆက်ရှုံးပွဲမရှိဘဲ (၃)ပွဲအထိအနိုင်ရပြီး စထရာဘိုးတို့ တန်းဆင်းဇုန်နဲ့ဝေးရာကို ပြေးထွက်နေတယ်။ ဘရက်စ်က အဝေးကွင်းအားနည်းသလို ခံစစ်ကလည်း ဂိုးတွေပေးနေရတယ်။ စထရာဘိုးတို့ အနိမ့်ဆုံးသရေပါပဲ။
ဒီယွန်း - လိုင်ယွန် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၄ ရက် နံနက် ၂:၃၀ နာရီ)
နောက်ဆုံး (၂)ပွဲဆက်နိုင်ပွဲပြန်ယူပြီး လိုင်ယွန်တို့ ဖိအားတွေပြန်လျှော့ချခဲ့တယ်။ ဒီယွန်းကလည်း ခံစစ်ကစားရင်း အမှတ်တွေရဖို့ ကြိုးစားနေတဲ့အသင်းပါ။ အိမ်ကွင်းဖြစ်လို့လည်း ပိုအားထုတ်လာလိမ့်မယ်။ လိုင်ယွန် ကပ်နိုင်ဖို့ပဲရှိတယ်။
လန်းစ် - မာဆေးလ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၄ ရက် နံနက် ၂:၃၀ နာရီ)
ဥရောပဝင်ခွင့်အတွက် အပြိုင်ကြိုးပမ်းနေတဲ့အသင်း (၂)သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှုဖြစ်လို့ တစ်သင်းနဲ့တစ်သင်း အမှားခံမှာမဟုတ်ပါဘူး။ မာဆေးလ်က အဝေးကွင်းအားထုတ်မှုကောင်းတာကို သတိပြုရမယ်။ သရေကျဖို့ များပါတယ်။
မိုနာကို - နိုက်စ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၄ ရက် နံနက် ၂:၃၀ နာရီ)
လက်ရှိရလဒ်ပိုင်း၊ ခြေစွမ်းနဲ့ တည်ငြိမ်မှုအားလုံးမှာ အိမ်ရှင်မိုနာကိုတို့ အသာရနေပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ပြိုင်ဆိုင်မှုရှိနေလို့လည်း အိမ်ကွင်းမှာ အမှားခံမယ်မထင်ပါဘူး။ မိုနာကိုပဲ နိုင်ပွဲယူသွားလိမ့်မယ်။
PSG - နီးစ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၄ ရက် နံနက် ၂:၃၀ နာရီ)
ဇယားအောက်ဆုံးက နီးစ်အတွက် ပါရီမြေမှာ အခွင့်အရေးနည်းနည်းတောင်ရှိမယ်မထင်ပါဘူး။ ချန်ပီယံဆုအတွက် ပြိုင်ဆိုင်နေရချိန်မှာ PSG အခုလိုပွဲမျိုးကို ဂိုးတွေသွင်းယူပြီး ယုံကြည်မှုယူလိမ့်မယ်။ PSG နဲ့ဂိုးအများပါပဲ။
စိန့်အက်တီယန် - နန့်စ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၄ ရက် နံနက် ၂:၃၀ နာရီ)
တန်းဆင်းဇုန်အငွေ့အသက်နဲ့ နီးနေတဲ့ အသင်း(၂)သင်းရဲ့ တိုက်ပွဲကလည်း ပြင်းထန်ပါလိမ့်မယ်။ လက်ရှိရလဒ်ပိုင်းမှာလည်း နှစ်သင်းစလုံး အားရစရာမရှိပါဘူး။ အပြန်အလှန်ထိန်းကစားရင်း သရေတစ်မှတ်ဆီ ဦးတည်သွားလိမ့်မယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
