လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က အသင်းကွင်းလယ်တိုက်စစ်ကစားသမား မီနာမီနိုအား ဆောက်သမ်တန်အသင်းထံသို့ အငှားချခဲ့ခြင်းကို ရှင်းလင်းပြောကြားခဲ့သည်။
လီဗာပူးလ်အသင်းသည် ဇန်နဝါရီအပြောင်းအရွှေ့နောက်ဆုံးနေ့တွင် မီနာမီနိုအား ဆောက်သမ်တန်အသင်းထံသို့ ယခုရာသီကုန်အထိ အငှားချခဲ့ခြင်းဖြစ်သည်။
မီနာမီနိုသည် ပြီးခဲ့သည့် ၂၀၂၀ ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ဆာ့လ်ဇ်ဘာ့ဂ်အသင်းမှ လီဗာပူးလ်အသင်းထံသို့ ပေါင်(၇.၂၅)သန်းဖြင့် ရောက်ရှိလာသူဖြစ်ပြီး ယခုရာသီ ပရီးမီးယားလိဂ်တွင် (၉)ပွဲသာ ကစားခွင့်ရခဲ့သော်လည်း ပွဲထွက်အဖြစ် (၄)ပွဲသာ ကစားခွင့်ရခဲ့သည်။
ကလော့ပ်က မိမိအနေဖြင့် မီနာမီနိုကို ခြေစွမ်းပြနိုင်အောင် ပွဲကစားခွင့်မပေးနိုင်ခဲ့ကြောင်း ဝန်ခံပြောကြားခဲ့သည်။
"မီနာမီနိုကို အငှားချမယ့်ကိစ္စနဲ့ပတ်သက်လို့ ကျွန်တော်တို့ အများကြီးစဉ်းစားခဲ့ပါတယ်။ မီနာမီနိုက တကယ်ကောင်းတဲ့ ကစားသမားပါ။ ကျွန်တော်တို့အနေနဲ့ သူ့ကို အခွင့်အရေးတွေ အများကြီးမပေးနိုင်ခဲ့ပါဘူး။ ဒါက အမှန်တရားပါပဲ။ ကျွန်တော်တို့အနေနဲ့ အကြောင်းအမျိုးမျိုးကြောင့် မီနာမီနိုကို ကစားခွင့်အများကြီး မပေးနိုင်ခဲ့တာပါ။ မီနာမီနိုဟာ အသင်းရဲ့ အနာဂတ်စီမံကိန်းမှာ ပါဝင်သူပါ။ သူ့အနေနဲ့ ဆောက်သမ်တန်အသင်းမှာ အခွင့်အရေးတွေရပြီး ယုံကြည်မှုအသစ်နဲ့ အသင်းကို ပြန်လာပါလိမ့်မယ်။ ဒါက အားလုံးအတွက် ကောင်းတဲ့အခွင့်အရေးဖို့ ကျွန်တော် မျှော်လင့်ပါတယ်"ဟု ကလော့ပ်က ပြောကြားခဲ့သည်။
ထို့ပြင် မီနာမီနိုမှာ ပါရမီရှင်ကစားသမားတစ်ဦးဖြစ်ပြီး ဆောက်သမ်တန်အသင်းတွင် ခြေစွမ်းပြနိုင်မည်ဟု မျှော်လင့်ကြောင်းလည်း ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
