မာဆေးလ်နည်းပြ ဘိုအက်ရှ်က သူ၏ဆန္ဒနှင့်ဆန့်ကျင်ကာ ကစားသမားခေါ်ယူခဲ့ခြင်းကြောင်း ရာထူးမှနုတ်ထွက်ခွင့်ပေးရန် အသင်းကို တောင်းဆိုခဲ့သည်။
မာဆေးလ်အသင်းသည် ဇန်နဝါရီအပြောင်းအရွှေ့နောက်ဆုံးနေ့တွင် ဆဲလ်တစ်အသင်းမှ ပြင်သစ်နောက်ခံလူ နက်ချန်ကို ယခုရာသီကုန်အထိ အငှားဖြင့် ခေါ်ယူခဲ့သည်။
သို့သော် ဘိုအက်ရှ်သည် နက်ချန်အား အလိုမရှိကြောင်း ပြောကြားခဲ့သော်လည်း မာဆေးလ်ဘုတ်အဖွဲ့သည် သူ၏ဆန္ဒကို ဆန့်ကျင်ကာ အရခေါ်ယူခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ဘိုအက်ရှ်က လန်းစ်အသင်းနှင့်ပွဲအတွက် ပြုလုပ်သည့် ပွဲကြိုမီဒီယာတွေ့ဆုံမှုတွင် နည်းပြရာထူးမှ နုတ်ထွက်ခွင့်ပေးရန် အသင်းကို ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။
ဘိုအက်ရှ်က "ဒီဆုံးဖြတ်ချက်က ကျွန်တော့်ရဲ့ဆုံးဖြတ်ချက် မဟုတ်ပါဘူး။ ကျွန်တော်က အဲဒီကစားသမားကို မခေါ်ဖို့ ပြောခဲ့တာပါ။ ကျွန်တော် မနက်မိုးလင်းတော့ အသင်းဝက်ဘ်ဆိုက်ကိုကြည့်ပြီးတော့မှ သူ့ကို ခေါ်ယူထားမှန်း သိတယ်။ အသင်းရဲ့ ပေါ်လစီကို သဘောမတူတာကြောင့် ကျွန်တော် နုတ်ထွက်စာတင်ထားပါတယ်။ ဘုတ်အဖွဲ့ကတော့ ကျွန်တော့်ကို အကြောင်းမပြန်သေးပါဘူး။ ကျွန်တော် ပိုက်ဆံမလိုချင်ပါဘူး။ အသင်းကပဲ ထွက်ချင်တာပါ။ အသင်းက ပြီးခဲ့တဲ့(၂)နှစ်၊ (၃)နှစ်အတွင်း ကျွန်တော် လက်မခံနိုင်တဲ့ အပြောင်းအရွှေ့တွေကို လုပ်ခဲ့ပါတယ်"ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
